နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Wednesday, February 9, 2011

ဓမ္မာစရိယဘွဲ့ရ တအာင်းသံဃာတော်များနှင့် သီလရှင်စာရင်းများ

(1) ဘဒ္ဒ န္တဇေယျသုတ (သာသနဓဇဓမ္မာစရိယ၊ မဟာဝိဇ္ဇာ-B.A-အိန္ဒြိယ-ဘုံဘေ၊ M.A-သီရလင်္ကာ၊ A.G.S-အမေရိကန်) ၁၃၃၈-ခု၊ 1977၊ ၁၃၄၆-ခု၊1985၊ ၁၃၅၁-ခု၊ 1990၊ ၁၃၅၅-ခု၊1994၊ ခွန်ဟောက်ရွာ၊ နမ့်ဆန်မြို့နယ်၊ (ယခုသီပေါမြို့နယ်)။

(2) ဦးသုခ (သာသနဓဇဓမ္မာစရိယ) ၁၃၅၁-ခု၊ 1990၊ ဟူခင်းရွာ နမ့်ဆန်မြို့နယ်(ယခုလူပျံတော်)။

(3) ဦးအိန္ဒသီရိ (သာသနဓဇဓမ္မာစရိယ) ၁၃၅၃-ခု၊ 1992၊ နမ့်လင်ရွာ၊ နမ့်ဆန်မြို့နယ် (ယခုလူပျံတော်)။

(4) ဦးကေလာသ (သာသနဓဇဓမ္မာစရိယ) ၁၃၅၃-ခု၊ 1992၊ မိုးကုတ်မြို့နယ်။

(5) ဦးဇနိတာလင်္ကာရ (သာမဏေကျော်၊ သာသနတက္ကသီလဓမ္မာစရိယ-B.A) ကလောမြို့နယ်။

(6) ဦးဇောတိက (သာသနတက္ကသီလဓမ္မာစရိယ-B.A) ၁၃၅၈-ခု၊ 1997၊ တရုန်း(ညောင်ပင်)ရွာ၊ နမ့်ခမ်းမြို့နယ်(ယခုပျံလွင်တော်မူပြီး)။

(7) ဦးသုနန္ဒ (သာသနဓဇဓမ္မာစရိယ) ၁၃၆၁-ခု၊ 2000၊ ပန်ကူကျေးရွာ၊ ကွတ်ခိုင်မြို့နယ်။

(8) ဦးဝိဇယ (သာသနဓဇဓမ္မာစရိယ) ၁၃၆၃-ခု၊ 2002၊ ခေကွဲရွာ၊ နမ့်ဆန်မြို့နယ်။

(9) ဦးမာဃိန္ဒ (သာသနတက္ကသီလဓမ္မာစရိယ-B.A) ၁၃၆၃-ခု၊ 2002၊ ရွှေလက်ဝါရွာ၊ နမ့်ဆန်မြို့နယ်၊ (ယခုမန်တုံမြို့နယ်)။

(10) ဦးသုန္ဒရ (သာသနဓဇဓမ္မာစရိယ) ၁၃၆၅-ခု၊ 2004၊ အာရမ်းရွာ၊ နမ့်ဆန်မြို့နယ်။

(11) ဦးဥတ္တရ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ(ပထမ)၀ိနယ၀ိဒူ၊ ဂန္ဓာရုံတိုက်တွင်းမူလတန်-တတိယ) ၁၃၆၅-ခု၊ 2004၊ ၁၃၆၉-ခု၊ 2008၊ခွန်ဟောက်ရွာ၊ သီပေါမြို့နယ်။

(12) ဦးကုသလ (သာသနတက္ကသီလဓမ္မာစရိယ-B.A) ၁၃၆၇-ခု၊ 2006၊ တရုန်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်။

(13) ဦးသုဇာတ (သာသနတက္ကသီလဓမ္မာစရိယ-B.A) ၁၃၆၉-ခု၊ 2008၊ ဇယန်ကြီးရွာ၊ နမ့်ဆန်မြို့နယ်။

(14) ဦးကုဝေရ (သာသနဓဇဓမ္မာစရိယ) ၁၃၆၉-ခု၊ 2008၊ ဇယန်ကြီးရွာ၊ နမ့်ဆန်မြို့နယ်။

(15) ဦးသုဝဏ္ဏ (သာသနဓဇဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရနိကာယ၀ိဒူ) ၁၃၆၉-ခု၊ 2008၊ လွယ်ဆာမ်ဆစ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်။

(16) ဦးအာစိဏ္ဏ (သာသနဓဇဓမ္မာစရိယ) ၁၃၆၉-ခု၊ 2008၊ ကျောက်ဖြူရွာ၊ နမ့်ဆန်မြို့နယ်။

(17) ဦးအာဒရ (သာသနဓဇဓမ္မာစရိယ) ၁၃၆၉-ခု၊ 2008၊ လမ်းဆုံးကျေးရွာ၊ လွယ်ဟွမ်အုပ်စု၊ နမ့်ခမ်းမြို့နယ်။

(18) ရှင်သုဒဿနာလင်္ကာရ (ပရိယတ္တိသာသနဟိတသာမဏေကျော်(မန္တလေး)၊ မင်္ဂလာဗျူဟာသာမဏေကျော်(ရန်ကုန်)၊ ကမ္ဗောဇသာမဏေကျော် (စတုတ္ထ) (တောင်ကြီး)၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရနိကာယ၀ိဒူ) ၁၃၆၉-ခု၊ 2008၊၁၃၇၁-ခု၊ 2010၊ ကျောက်ဖြူလေရွာ၊ နမ့်ဆန်မြို့နယ်။

(19) ဦးနန္ဒာစရိယ (သာသနဓဇဓမ္မာစရိယ) ၁၃၆၉-ခု၊ 2008၊ နမ့်တွေရွာ၊ နမ့်ဆန်မြို့နယ်။

(20) ဦးဇောတိက (သာသနဓဇဓမ္မာစရိယ) ၁၃၇၂-ခု၊ 2010၊ ကျောက်ဖြူရွာ၊ နမ့်ဆန်မြို့နယ်။

(21) ဦးမဏ္ဍလ (သာသနဓဇဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရနိကာယ၀ိဒူ၊ ဒီဃနိကာယ၀ိဒူ) ၁၃၇၁-ခု၊ 2010၊ မန်ခိုက်ရပ်ကွက်၊ နမ့်ဆန်မြို့။

(22) ဦးစက္ကပါလ (B.A-Law)၁၃၆၅-ခု၊ 2004၊ အာရမ်းရွာ၊ နမ့်ဆန်မြို့နယ်။

(23) ဦးသာသန (B.A-Eng/ M.A-Buddhism-သီရိလင်္ကာ) ၁၃၆၉-ခု၊ 2008၊ နာအော်ကြီးရွာ၊ နမ္မတူမြို့နယ်။

(24) ဦးဝဏ္ဏသီရိ (B.A-Law) ၁၃၆၉-ခု၊ 2008၊ ကျောက်ဖြူရွာ နမ့်ဆန်မြို့နယ်။

(25) ဦးစန္ဒာဝရ (ဘာသန္တရဆေကဓမ္မာစရိယ၊ B.A Indo-Ariyan၊ M.A-part2. M.A-သီရိလင်္ကာ) ၁၃၇၂-ခု၊ 2010၊ ပန်လောရွာ၊ ကွတ်ခိုင်မြို့နယ်။

(26) ဦးညာဏိက (B.A-Phil/ ) ၁၃၇၀-ခု၊ 2008၊ နမ့်ခမ်းမြို့။

(27) ဦးသုနန္ဒ (သာသနတက္ကသီလဓမ္မာစရိယ-B.A) ၁၃၇၂-ခု၊ 2011၊ တောင်မရွာ၊ နမ့်ဆန်မြို့နယ်။

(28) ဦးဇ၀န (M.A-Buddhism-သီရိလင်္ကာ) ၁၃၇၂-ခု၊ 2011၊ ပန်စရီရွာ၊ နမ့်ဆန်မြို့နယ်။

(29) မအိန္ဒ၀တီ (သာသနဓဇဓမ္မာစရိယ) ၁၃၅၅-ခု၊ 1994၊ ဇယန်ကြီးရွာ၊ နမ့်ဆန်မြို့နယ်။

(30) မဗြဟ္မစာရီ (သာသနဓဇဓမ္မာစရိယ)၁၃၆၃-ခု၊ 2002၊ဇယန်ကြီးရွာ၊၊ နမ့်ဆန်မြို့နယ်။

(31) မနိက္ခမညာဏီ (သာသနဓဇဓမ္မာစရိယ-သီလရှင်ပထမကျော်-ပထမကြီးတန်တွင် တစ်နိုင်ငံလုံး ပထမရရှိအောာင်မြင်သည်) ၁၃၆၅-ခု၊ 1992၊ ဇယန်ကြီးရွာ၊ နမ့်ဆန်မြို့နယ်။

(32) မဥပ္ပလနန္ဒီ (သာသနဓဇဓမ္မာစရိယ) ၁၃၆၇-ခု၊ 2005၊ ဇယန်ကြီးရွာ၊ နမ့်ဆန်မြို့နယ်။

(33) မမေဓာဝီ (သာသနဓဇဓမ္မာစရိယ)၁၃၇၂-ခု၊ 2010၊ ကယာပန်းကြုံရွာ၊ နမ့်ဆန်မြို့နယ်။

(34) မပ၀ရညာဏီ ( သာသနဓဇဓမ္မာစရိယ) ၁၃၇၂-ခု၊ 2010၊ ဇယ်တုန်ဟုန်ကျေးရွာ၊ နမ့်ဆန်မြို့နယ်။

အကျဉ်းချုပ်စာရင်း

(1) (အစိုးရဓမ္မာစရိယ) သာသနဓဇဓမ္မာစရိယဘွဲ့ရ (20)ပါး၊

(2) (တက္ကသိုလ်ဓမ္မာစရိယ) သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရ (7)ပါး၊

(3) (ဂန္ဓာရုံတိုက်တွင်ဓမ္မာစရိယ-ပထမ) မဟာဂန္ဓာရာမိကဓမ္မာစရိယ(ပထမ)ဘွဲ့ရ (1)ပါး၊

(4) (သာမဏေကျော်) အလင်္ကာရဘွဲ့ရ (2)ပါး၊

(5) ( နိကာယ်ဝိနည်ငါးကျမ်းအောင်) ၀ိနယ၀ိဒူဘွဲ့ရ(4)ပါး၊

(6) (နိကာယ်အဂုင်္တ္တိုရ်-၃-အုပ်၊ (၁၁)ကျမ်းအောင်) အင်္ဂုတ္တရနိကာယ၀ိဒူဘွဲ့ရ (3)ပါး၊

(7) နိကာယ်သုတ်(၃)ကျမ်းအောင်) ဒီဃနိကာယ၀ိဒူဘွဲ့ရ (1)ပါး၊

(8) (ပထမကြီးတန် တစ်နိုင်ငံလုံး ပထမရ) သီလရှင်ပထမကျော် (1)ပါး၊ ဘွဲ့တံဆိပ်မရပါ၊

(9) (ပြည်တွင်း) B.Aဘွဲ့ရ( 10)ပါး၊

(10) ပြည်ပ-အမေရိကန်) ၀ိဇ္ဇာသိပ္ပံနည်းပညာဆိုင်ရာ ဘူမိနက္ခတ်ဆိုက်ကိုပညာရပ်) A.G.S-ဘွဲ့ရ (1)ပါး၊

(11) (ပြည်ပ-သီရိလင်္ကာ) M.Aဘွဲ့ရ (4)ပါး၊

(12) (ပြည်ပ-အိန္ဒြိယ) B.Aဘွဲ့ရ (1)ပါး၊

(ဘွဲ့ပေါင်း(၁၁)မျိုး၊ ရရှိထားတဲ့ဘွဲ့တံဆိပ်တုံ-စုစုပေါင်း(50)တုံ၊ ဘွဲ့ရသံဃာပေါင်း (27)ပါး၊ ရှင်သာမဏေ (1)ပါး၊ သီလရှင်(6)ပါး)

မြို့နယ်ပေါင်းနှိင်းယှဉ်ချက်

(1) နမ့်ဆန်မြို့နယ် (24)ပါး၊

(2)နမ့်ခမ်းမြို့နယ် (4)ပါး၊

(3) ကွတ်ခိုင်မြို့နယ် (2)ပါး၊

(4) သီပေါမြို့နယ် (2)ပါး၊

(5) ကလောမြို့နယ် (1)ပါး၊

(6)မိုးကုတ်မြို့နယ် (1)ပါး၊

(7) နမ္မတူမြို့နယ် (1)ပါး၊

(8) မန်တုံမြို့နယ် (1)ပါး။

(မှတ်ချက်-ဖေဖော်ဝါရီလ-5-ရက်၊ 2011၊ ၁၃၇၂-ခု၊ တပို့တွဲလဆန်(၁)ရက်အထိသာ ဖြစ်ပါသည်)

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဓမ္မာစရိယစာမေးပွဲကျင့်ပသည့် ၁၃၁၅-ခုမှ စ၍ ၁၃၇၂-ခုအထိ၊ ၅၈-နှစ်အတောအတွင်မှာ အောင်မြင်ကြသော တအာင်းသံဃာများနှင့် သီလရှင်များ၏ စာရင်း လက်လှမ်းမှီသလောက်ဖြစ်ပါသည်။

မှားယွင်းခဲ့သော ပြင်ပေးပါရန်၊ ကျန်ရှိနေသေးရင် ပို့ပေးပါရန်၊ ဘွဲ့များထပ်တိုး၍သော်လည်းကောင်း ဘွဲ့ရသည့်ပုဂ္ဂိုလ်များထပ်တိုးနေ၍သော်လည်းကောင်း အကြောင်းကြားပေးပါရန် ရိုးသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။

များစွာကျန်ရှိသေးသည်ဟု ထင်ပါသည်၊ နောက်ထပ်ဘွဲ့ရမည့် တအာင်းသံဃာများနှင့် သီလရှင်များ များစွာထွက်ပေါ်ပါစေဟု ဆုတောင်းလိုက်ပါတယ်။

မှားယွင်းချွတ်ချော်ခဲ့ပါက စုစည်းသူ၏ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။

စုစည်းတင်ပြသူ(ကူက်ုရ်စုတာင်ပြ)

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

တင်ပြပြီးတာတွေ

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers