နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Wednesday, February 9, 2011

ပလောင်မိန်းကလေးတစ်ဦးအား တရုတ်(၅)ဦးမှ အုပ်စုလိုက် အတင်းအဓမ္မပြုကျင့်


PDF Print E-mail
Wednesday, 09 February 2011 10:43




ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ဂျတ်ကျေးရွာမှ ဦးအိုက်ငိုဒါင်း + ဒေါ်အီကစ် တို့၏ အသက်(၁၆)နှစ် အရွယ် သမီးငယ်အား တရုတ်အမျိုးသား ငါးဦးတို့မှ အုပ်စုလိုက် ၀ိုင်းဝန်း အတင်းအဓမ္မပြုကျင့်ခဲ့သည်ဟုသိရပါသည်။

၂၆ရက်၊ ဇန်န၀ါရီလ ၂၀၁၁ခုနှစ် နံနက် ၂ နာရီအချိန်တွင် သိန္နီမြို့၊ ရက်ကွက်(၃)ရှိ တရုတ်အိမ်တွင် အိမ်ဖော်အလုပ်သမား အဖြစ်သွား ရောက်လုပ်နေသူ လွေးအီမန်အား သူမအလုပ်ရှင်၏ သားနှင့် သူငယ်ချင်းများက အုပ်စုလိုက် ၀ိုင်းဝန်း အတင်းအဓမ္မ ပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။ အလုပ်ရှင်ကသူမအားကျပ်ငွေ(၂၀၀၀၀)နှစ်သောင်း ပေးပြီး နေရပ်တို့ ပြန်ပို့ပေးခဲ့သည်၊၊

အုပ်စုလိုက် ၀ိုင်း၍မုဒိန်းကျင့်ခံ ရပြီးနောက် ထိတ်လန့်နာကျင်ခြင်း ကြောင့် စိတ်ခြောက်ခြားစွာဖြင့် ပြန်ရောက်လာသော သူမအားမိဘများ ကတွေ့သဖြင့် သူမကို ကွတ်ခိုင်မြို့ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ ပါသည်။

အဓမ္မပြုကျင့်ခံရသူနှင့် နီးစပ်သူတစ်ဦးမှ “လွေးအီမန်က အသက် (၁၆)နှစ်ဘဲရှိသေးတယ် အခုလိုတရုတ်တွေက ၀ိုင်းပြီး အုပ်စုလိုက် အတင်းအဓမ္မလုပ်တာ တော်တော်ယုတ်မာတာဘဲ၊ ကလေးက နာကျင်လွန်းလို့ သူ့မိဘတွေက ကွတ်ခိုင်ပြည် သူ့ဆေးရုံမှာ တင်ထားရတယ် ဆေးရုံဝန်ထမ်းနှင့်ဆရာဝန်တွေက အကြောင်းအရာ အပြည့်အစုံသိပေမဲ့ဘာမှမလုပ်ပေးဘူး။ ပြီးတော့ရွာနှင့် ဆေးရုံအလှမ်းဝေးတာကြောင့် အစားအသောက်ပုံမှန်မရှိပဲ အခြားအသိမိတ်ဆွေတွေသနားပြီး လာရောက်ပေးကမ်းတဲ့ပိုက်ဆံနဲ့ အစားအသောက်ကိုဘဲစားသုံးနေရတယ် နောက်ပြီး အဲဒီတရုတ်တွေက ငွေကျပ် နှစ်သောင်းပေးပြီး ပစ်ထားတယ်၊ အခု ဆေးရုံးတက်နေတဲ့အချိန် ထိဘဲ” ဟုပြောပြသည်။

လွေးအီမန်၏ မိဘများမှာ ဆင်းရဲပြီးပညာလည်း မတတ်ခြင်းကြောင့် ရဲစခန်းလည်းမတိုင်ကြားရဲဘဲ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေပြီး အမှုဖွင့်ချင်သော်လည်း ဆင်ရဲပြီး ငွေကြေမတတ်နိုင်ခြင်းကြောင့် အမှုမဖွင့်နိုင်သေးကြောင်း သိရှိရပါသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်၊
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၀ ၀၀၅၈၀ ၇၂၀

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

တင်ပြပြီးတာတွေ

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers