နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Thursday, July 8, 2010

လက်မလျော့ လိုက်ပါနဲ့။

မယုံရင်တောင် ပုံပြင်လို့မမှတ်လိုက်ပါနဲ့နော်။ လောကကြီးမှာ အခုလိုပဲ ယုံနိုင်စရာမရှိပေမယ့် တကယ်ဖြစ်ပျက်နေတာတွေ အများကြီးရှိပါသတဲ့။ အခုလည်း အောက်ကပုံတွေကို ကြည့်မိတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး မရှိပါဘဲ အသက်ရှင်နေထိုင်နေတဲ့ သက်ရှိလူသားတစ်ဦးကို သင်တို့ မြင်ရပါလိမ့်မယ်။ သူကတော့ အသက် (၃၇)နှစ်အရွယ် Peng Shuilin ဆိုတဲ့ တရုတ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ ကုန်တင်ကားတစ်စီးရဲ့ အတိုက်ခံရပြီးတဲ့နောက် ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပါသတဲ့။ အထူးသဖြင့် သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးဟာ လုံးဝကို သုံးမရတော့တဲ့အတွက် အခုလိုမျိုး ဖြတ်တောက်ပစ်လိုက်ရတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် ဆေးရုံမှာ (၂)နှစ်ခန့်ကြာအောင် ကုသခံခဲ့ရပါသတဲ့။ ဒါပေမယ့် သူအရှုံးမပေးခဲ့ပါဘူး။ လုံးဝကို အရှုံးမပေးခဲ့ပါဘူး။ အဲဒီအတွက် ရလဒ်ကတော့ အခုအချိန်မှာ သာမန်လူတစ်ယောက်လို သွားလာနေထိုင်နိုင်ပြီဖြစ်ပြီး သူ့ရဲ့ စတိုးဆိုင်လေးကိုတောင် ပြန်လည်ဖွင့်လှစ်ရောင်းချနေပါပြီတဲ့။
ဘ၀ကို အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင် ကျော်ဖြတ်နေတဲ့ သူ့ကို ချီးကျူးမိပါတယ်။

















အလင်းစေတမန် မှ ဖြစ်ပါသည်။

သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။

အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_say_ta_mum@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။

ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။

သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_mum+unsubscribe@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။

အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en

ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်

ကိုယ်စား လေ့လာ တင်ပြ။


၎ -လပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်တယ်။
သီလရှင်သင် ပညာရေးကျောင်းတဲ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ တန်းတူ အောင်မြင်လာနေပြိး။
ကျယ်ပြန့်လာနေပြီး။



ရှမ်းပြည်နယ် တိုင်းရင်းသားရိုးရာပဒေသာကပွဲကိုလည်း ကပ်မှီလိုက်တယ်။

၈-၄-၂၀၁၀ မှာ မန်းလေးကိုတက်တယ်။ အဲ့တက်တဲ့နေ့ ရန်ကုန်ကားဂိတ်မှာပဲ အာရာမ်ရွာဘုန်းကြီးကျောင်း မီးဘေးသင့်တယ်လို့ ကြားခဲ့ရတယ်။ ကိုရင်လေးတစ်ပါးက ဘုရားကျောင်းဆောင်ကပ်ရက် နောက်ဘက်ခန်းမှာ ဘတ်ထ၇ီပေါ် ဖယောင်းတိုင်ထွန်းပြီး ကက်ဆက်ပြင်နေတယ်။ ဂိလာနရဟန်းကြီးတပါးက လေဒီယို ဓာတ်ခဲ ကုန်နေလို့ ရွာထဲ ၀ယ်ခိုင်းတော့ ဖယောင်းတိုင်မီးငြိမ်ဖို့ မေ့ပါလေရော။ ဒါနဲ့ ပြန်ရောက်တော့ အခန်းမှာ မီးပြည့်လို့ မနိုင်တော့ ထွက်ပြေးပါလေရောတဲ့။ နေလည် ၂ နာရီ ၀န်ကျင်ကနေ စဖြစ်တယ်။ ရွာမှာ မင်္ဂလာဆောင်ရှိလို့ လာကြပေးမဲ့ အခါနှောင်းခဲ့ရတယ်။ ကျောင်းဆောင်ကြီးနဲ့ စာကြည့်တိုက်ဆောင်၊ သံဃာနေဆောင် ၃ - ဆောင် ပါသွာားတယ်။ လူငယ် တေးဂီတ ပစ္စည်းတွေလည်း မီးလောင်စာပေါ့ဗျာ။ ရိုးရာ အိုးစည် ဗုံမောင်းတွေတော့ ထုတ်ဖို့ မှီလိုက်တယ်။ တန်ဖိုးပစ္စည်းတော့ မှန်းရခက်တယ်။
ရွှေမန်းတောင်လည်း တက်ပြီး အိုဘိုထောင်ကို ကွက်ကွက်ကွင်းကွင်း မြင်ရလို့ ရိုက်လိုက်ပါတယ်။


မန်းလေး ရွှေကျောင်း ရှေးဟောင်းမွေနှစ်။


ကျောက်မဲရောက်တော့ အဖွားညီမ က ရိုးရာလွယ်အိတ် ရိုက်ခတ်နေလို့။ ရိုးရာဝတ်စုံတွေ လုပ် ရောင်းနေတယ်။
ဝယ်သူက ခပ်ရှာရှာ။ ကိုယ်ဟာကိုယ် လုပ်နေကြလို့ပါ။ ဒါလည်း မရောင်းရ တူမ ညီမ တွက်ပေါ့။

ဒါတော့ ဟူးကွက်ကျေးရွာကို ဟူးကောင်းဘက်မှ လှန်းရိုက်တယ်။ ရွာကြီးပေါ့ဗျာ။ အိမ်ခြေ ၅၀၀ ထက်မှာရှိမယ်။


ကျောက်မဲမြို့ ၊ ပိန်နဲကုန်းရပ် က သာသနာ့ဝံသ ကျောင်းဆောင် အသစ်။
ဒါလည်း ကျောက်မဲ ငြိမ်းချမ်းရေးကုန်းက ဘ/က လည်းသင်ပေးတဲ့ အောင်မြေသာယာကျောင်း ရဲ့ သီလရှင် ကျောင်းဆောင်သစ်။

ဒါက မန်တုန်မြို့ အောင်မင်္ဂလာမြို့လယ်ကျောင်း။ မြို့ရဲ့ အလယ် ကုန်းကမူးလေးပေါ်မှာ တည်ရှိပါတယ်။

တည်ဆောက်ပြိးတဲ့ ဓမ္မာရုံကြီး။

ကျောင်းဝင်းတွင်းရှိ စေတီတော်။


မန်တုံမြို့ရဲ့ ဟို.....ထိပ်ဘက်က တောင်ကုန်းကိုတက်ပြီး မြို့အလျားလိုက်မြင်းကွင်း။

နမ့်ဆန် ၊ ဟိုမိန်းဘက်ကနေ ရောက်လာရင် မန်တုံမြို့ရဲ့ အ၀င်ဝ။

မန်တုံ နဲ့ ဟိုမိန်းရွာ ကြား ရှိ တောင်ကမူးလေးတွေ။

ဟိုမိန်းကျေးရွာ နဲ့ ကျောင်း မြင်ကွင်း။


ဒီ သီလရှင်အဖွားကတော့ ဦးဇင်းတို့ကို မွေးကင်းစကတည်းထိန်းကျောင်း ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ခုတော့ အိုမင်းရှာပြီး။ ရှိတဲ့ ပစ္စည်းလေးစွန့်ပြီး ဟိုမိန်ကျောင်းဦးဇင်းကို ပြန်လှူဖို့ တိုက်တွန်းလိုက်တယ်။


ရွှေလက်ဝါးဘုရား လို့ နာမည်ကြီးတဲ့ သမိုင်းတွင်တဲ့ရွာက ဓာတ်ဂျက် ရူဝါကျေးရွာ။ စာတတ် ပေတတ် ဟောတတ်ပြောတတ် နေတတ်ထိုင်တတ် စီမံခန့်ခွဲတတ်တဲ့ ဆရာတော် တစ်ပါးကတော့ ဘဒ္ဒန္တ မာဃိန္ဒအရှင်မြတ်ပါ။ အရှင်မြတ်ရဲ့ အိမ်ကိုလည်းရောက်အောင်သွားခဲ့ပါတယ်။ နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေ့တော့ မနေနိုင်ဘူးဗျ။ ပါမစ် မတောင်ပဲနဲ့ ရိုက်လိုက်ပါတယ်။ ခွင့်ပြုလောက်ပါတယ် ဆိုတဲ့ ပါမစ်နဲ့ပေါ့။
အိမ်သားမိသားစုတွေလည်း ကိုယ့်မိသားစုလို မှတ်။ ကျေးဇူးရှင် ငယ်ဆရာလည်းဖြစ်တော့ မဖြစ်မနေကို သွားပါတယ်။

ရွှေလက်ဝါးဘုရားတပေါင်းပွဲ သိမ်အလှူရေစက်ချပွဲ စေတီထီတင်ပွဲ ဆိုတော့ ရပ်နီးရပ်ဝေးအိမ်သာ မိသားစုတွေ စုံလို့ ရောက်ရှိ။


ရွှေလက်ဝါး အပြန်ဟူးခင်ကျေးရွာနားက မန်းဦးကချင်ရွာအောက် ဘက် သဘာဝရေပူစမ်းကိုလည်း လှည့်ဝင်လိုက်တယ်။ ဆောင်းကုန်ဆို လူတွေ မနဲ။ ရေပူစမ်း ကို ရေအေးနဲ့ စမ်းချောင်းကနေ ပေါင်းပြိး စပ်ပြီး ကန်ထည်ကို ထည့်လှောင်တယ်။
တနင်္သာရီတိုင်း ထားဝယ်ဘက် ရေပူစမ်းကျတော့ ရေပူပွက်တဲ့ နေရာကို ရေကန်ဘောင်ခပ်ပြီး ပြည့်တက်လာတဲ့ ရေပူကို ခပ်ချိုးပါတယ်။ ရေအေးနဲ့ မပေါင်းစပ်ပါ။
ဒါ သဘာဝပိုကျလို့ ပိုကြိုက်ပါတယ်။ ရေအေးနဲ့ စပ်တာ ချိုးလို့ အရသာမတွေ့သလိုဖြစ်နေတယ်။
အစတော့ ရေပူတာကို မကြိုက်သလိုလိုနဲ့ ပူတာကိုးက အရသာတစ်မျိုးဖြစ်သွားတယ်။

ကချင်ရွာက တောင်ယာခုတ်တာ အပင်ပြုန်းပုံက တတောလုံး တတောင်လုံး။ မန်တုံဘက်လည်း ဒီတိုင်းပဲ။
အအေးလွန်ကဲတော့ သင်္ကန်းနဲ့ မလုံလောက်နိုင်တော့ဘူး။


မွေ့လျော်ပျော်ရွှင်ဖွယ် ကုန်းပေါ်မှာတည်ဆောက်ထားလို့ ပါဠိလို အာရာမ=မွေ့လျော်ဖွယ်ကောင်းသောဥယျာဉ်နေရာကို ပါဠိပျက်နဲ့ အာရာမ်ကျေးရွာလို့ ခေါ်တွင်လိုက်တဲ့ကျေးရွာပါ။




တပေါင်းဘုရားပွဲကနေ ပြန်ရောက်လာမဲ့ ရပ်နီးဝေး ဧည်သည်များကို ကြိုဆိုဧည်ခံတဲ့ လက်ဘက်ရည်စတုဒိသာအဖွဲ့။



ဒါက ဟူးခင်းကျေးရွာ ကျောင်းဆောင်သစ်။ မီးဘေးကြောင့် ကုသိုလ်အသစ်လုပ်ရတာပဲ။


ဟူးခင်ရွာရဲ့ သမိုင်းဝင် သစ်ပင်ပါ။ သစ္စာဆိုပြီး တိုင်တည်စိုက်ထားတဲ့အပင်။ ဘုရားအတွက်လိမ်ပြီးအလှူခံတာပါ ဆိုတဲ့ စွပ်စွဲချက်ကို ချေပဖို့ အပင်ကို အဖျားကနေစိုက်တယ် ဆိုပဲ။ ဒါလည်း သစ္စာတရားကြောင့် ရှင်တယ်ဆိုတာ ယုံရမလိုပဲ။ ဇာတ်တော်ထဲမှာ သစ္စာတရားဆိုပြီး လုပ်တာ မဖြစ်နိုင်တာကိုမှ ပြကြတယ်။



ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ရဲ့ရှုခင်းကို ခရစ်ယာန်ကျောင်းဝင်းပေါ်ကနေ ဆီကြည့်တော့ မြို့မဂိုဏ်းချုပ်ကျောင်း ကို မြင်တွေ့ရသလို နောက်တဘက်လှည့်ကြည့်လိုက်တော့ မိုးဂဲလ်ရပ်ကွက်ဘက်ကိုမြင်ရပါလေရော။





မြို့နယ်ဆေးရုံအသစ်ရဲ့ သဘာဝအလှသရုပ်ဖော် ၀ါးပန်းတိုင်ကို သဘောကျလို့ပါ။

ဒီလို ရှုခင်းလေးတွေ ကြိုက်မှကြိုက်ဗျာ။


ရှေးပဝေသဏီက မဟာမြတ်မုနိဘုရားကျောင်းတော်ကို ထည်ထည်ဝါးဝါးမြင်တွေ့ခဲ့ရတယ်။ မရောက်ဖြစ်တာကြာရောပေါ့။ တပေါင်းလရောက်တိုင်း မြို့နယ်သူ/သားအပေါင်းတို့ကြည်ညိုခဲ့ရလို့ တပေါင်းပွဲနဲ့ နာမည်ကြီးပြီး တပေါင်းဘုရားလို့လဲ တချို့ကတင်စားခေါ်ဝေါ်တာလဲ ရှိပြန်တယ်။


ဒီဘုရားကုန်းပေါ်မှာပဲ ဂိုဏ်းချုပ်ကျောင်းမှ ဘဒ္ဒန္တညာဏိကအရှင်မြတ်ဟာ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြိးရဲ့ နည်းနာနိဿျိအတိုင်း ၀ိပဿနာတရားများကို မြို့သူ/သားများအား နှစ်တိုင်း ဟောပြောကျင်းပကြတယ်။
တွေ့မြင်ရတဲ့ နှစ်ထပ်ပန်းရောင်တိုက်ကြီးဟာ အရှင်မြတ်ရဲ့ ဦးဆောင်လှူဒါန်းမှုကြောင့် ဘုရားရင်ပြင်တော် ပို၍ ခန်းညားစေခဲ့တယ်။
တောင်စောင်းလေကို ကပ်ပြီး တည်ဆောက်တဲ့ အဆောက်အဦးဖြစ်လို့ ရင်ပြင်ဘက် အပေါ်တထပ်ကိုသာ မြင်ရခြင်းပါ။



ဒီတအာင်း ပလောင်ရိုးရာဝတ်စုံ နဲ့ ဓလေ့များ ပုံတွေက နိုင်ငံခြားသားများ ကြည့်ရှုဖို့ စာအုပ်မှာ ထည့်ဖို့ ဆိုပြီး နေပြည်တော် ဌာနဆိုင်ရာ ဓာတ်ပုံပညာရှင်လူကြီးတွေက သရုပ်ဆောင်ပြခိုင်းတယ်။








ဂျပန်တိုရစ် ၂ ယောက်လည်း သတင်းကြားရလို့ မနေနိုင်ပေါင်။ ၀င်ရိုက်ပါသေး။




အာရာမ်နမ့်ဆန် ရေချောင်းကနေ ရေသွယ်လာပြီးတော့ ချောင်းကျဉ်းတဲ့နေရာမှာ ရွှံညွန်ဝင်မဲ့ဘေးကိုလွတ်ဖို့တွက် ရေလွဲတဲ့ နည်းလေးတစ်ခုပဲ။ ဇယန်းကြီးရွာမဘက်က လောပိတပညာရှင် ဦးကာဝိန်ဒ လက်ရာပေါ့ဗျ။



စက်ရုံမှာ ဒီလိုမျိုး စက် ၂-လုံးတပ် ဘယ် ညာ တပ်ထားတယ်။ အချိန် လှည့်ပြီးသုံးလို့ရအောင်ပါ။ နေ့ ည ချိန်သုံးကြတယ်။ ခုတော့ နမ့်ဆန်မြို့က ရွှေလီလောပိတရေအားလျှပ်စစ်ရတဲ့အခါကျတော့ မြို့ရဲ့ ဖုန်းလိုင်းအတွက်သုံးတယ် ဆိုပဲ။

ဒီရွာတော့ အာရာမ်ကျေးရွာပါ။ ရွာထိပ်ဘက်က မြင်ရတဲ့ မြင်ကွင်းလေး။


ကလေးတွေလည်း ဓာတ်ပုံရိုက်ချင်ကြသကိုး။ လာလေ မောင်တို့ဝါး။


ကျောက်သယ်၊ သဲသယ်လုပ်အားပေးကို ဥပုသ်နေ့ အားလပ်ရက်မှာ ပျော်ပျော်ပါးပါး ချောင်းသို့ ဆင်းချင်ကြတယ်။ ဘုရားဖူးရင် လိပ်ဥတူရင် ဆိုတာလည်းရှိသကိုး။ မော မောမှန်းမသိ။






ရွာအ၀င် ဗောဓိပင်ကို သပ်ပါယ်စေဖို့ ကာယဒါန ၀ိုင်းဝန်းကြပါစို့။


ဒီမျှနဲ့ တခန်းရပ်လိုက်ပါတယ်။ နောက် ၆ လပိုင်း တခါ ပြန်ရောက်တော့ ပန်းပင် အလှပင်များ စုပေါင်းဝေဆာ စိုက်လိုက်ပါပြီး။ အော် စိန်ပန်းပင်၊ ထင်ရှုပဒေသာ၊ ပုဏ်ဏရိပ်၊ စတဲ့ ကြည်နူးဖွယ်မြင်ကွင်းလေးတွေ......................။



၇ လပိုင်း ရန်ကုန်ရောက်ပြိး ပဲခူး- ၁၀ မိုင်းကုန်း ဘကကျောင်းမှာထားတဲ့ ကလေးတွေ ပြန်ကြည့်လိုက်တော့ ကြည်နူးစရာလေတွေ။
ဖြူစင်သော အပြုံးပိုင်ရှင်လေးတွေ။



သူတို့လေးတွေက အနာဂတ်ပန်းပွင့်လေးတွေပါ။
ပညာနဲပါး ရွာချောင်းကမ်းပါးမှ
ပညာပေါကြွယ် မြို့ပင်လယ်သို့
ကူးလူးစွန့်စား လေ့လာရှာသည်
နာဂတ်ပန်းတိုင် လှဖို့သာတည်း။

ဆွေမတော် မျိုးမတော် ဘယ်ဆီ ဘယ်ဌာနီက ရောက်လာမသိ။ ရေစက်ကြောင့်လော။ အော် ရေစက်ကလေးတော့ မဟုတ်တန်ရာ။ အ၀ီစိတွင်းကနေထွက်လာတဲ့ ဘုံဘိုင်ခေါင်းရေစက်ကြီး ဖြစ်မယ်။
သူတို့လေးတွေ အိမ်သတိရ၊ မိဘ ဆွေမျိုးသတိရတော့ တေးသီးချင်းစပ်ပြိးး ဆိုလိုက်ပါသေးတယ်။
..........အိမ်ပြန်ချင်တယ်။ မပျော်ဘူး လိုက်ပို့ပါကွယ် ဆရာတော်ရေ။ ခုတော့လည်း ပျော်စပြုလာပါပြိး။ ကျောင်းတက်ရတော့ ဆော့ဖော် သူငယ်ချင်းအသိတွေ ရှိလာနေပြီးကိုး။ နောက်ဆို ပြန်ခိုင်ရင်တောင် ၀မ်းနည်းတဲ့ အဖြစ် ကြုံပါအုံမယ်။

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers