စိတ်ပျံလွင့်သော်
်စိတ်ပျံလွင့်တာကို အတင်းမထိန်းထားပါနဲ့၊ ပျံလွင့်ရင်ပျံလွင့်မှန်းသိဖို့ပါပဲ၊ စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ စိတ်ပြေးရင်ပြေးမှန်း၊ တွေးရင်တွေးမှန်း၊ ကြံရင်ကြံမှန်း သိနေရုံပဲ၊ သိရင်တော်ပြီ၊ တည်ငြိမ်အောင် လုပ်တာမဟုတ်ပါဘူး၊ တည်ငြိမ်လို့၊ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘုး။ တည်တာကိုကောင်းတယ် ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊ သိနေဖို့ပဲ၊ ကောင်းကောင်း မကောင်းကောင်း၊ တည်တာလည်းသိ၊ မတည်တာလည်း သိရမယ်။
ဖြူအောင်စိတ်ကိုထား
တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပဝါဖြူလေးလို ဖြူစင်သန့်ရှင်အောင် လုပ်နေတာပါ။ စိတ်ကိုကိလေသာတွေနဲ့ မပေါင်းမိအောင်-စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက်ညှင်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့မပေါင်းမိအောင်-
စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲ ဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာ။
ဝီရိယဆိုတာ
* မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်၊* ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပြောက်အောင်၊
* မဖြစ်သေးတဲ့ စိတ်ကောင်း၊ စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊
* ဖြစ်ပြီးသား စိတ်ကောင်း၊ စိတ်မြတ်တွေ တိုးပွားလာအောင်၊
ဝီရိယက သူ့အလုပ် သူလုပ်နေမှာပါ၊
ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း
လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကို ကြည့်ရင် မကောင်းတဲ့စိတ်တွေကြောင့်.........မကောင်းတာတွေပြု၊ မကောင်းတာတွေပြော၊ မကောင်းတာတွေကြံပြီး ဆင်းရဲဒုက္ခရောက်ကြတယ်။
ကောင်းတဲ့စိတ်တွေကြောင့်........
ကောင်းတာတွေပြုမယ်၊ ပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေပြည့်စုံကြရမှာပါ။
ရောဂါနှင့်ဝေဒနာ
ရောဂါနှင့်ဝေဒနာ ကို ကွဲအောင် ကြည့်ပါ။ ကိုယ်ထဲမှာ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ အဲ့ဒါကရောဂါ။ အဲ့ဒီကိုယ်အနာ ရောဂါကို အကြောင်းပြုပြီတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ (ခံစားချက်)၊ ဖေါက်ပြန်နေတဲ့
ရောဂါကိုချည်း သွားကြည့်နေရင် သိပ်အခံရခက်တယ်၊ စိတ်ထဲမှာ မခံသာတဲ့ ဝေဒနာ(ခံစားချက်)ကို ကြည့်ပေး
ပါ။ မခံသာတဲ့ ဝေဒနာက သတ်သတ်၊ ရောဂါ သတ်သတ်။ မခံသာတဲ့ စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး၊ သူများဖြစ်တာလေးကို ကြည့်နေရသလို......။ ဆရာဝန်က လူမမာကို ကြည့်ရသလို။
ကိုယ်ပါရော မနာတော့ဘူး။
ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရောစိတ်ပါရော နာသွားတယ်။ မခံနိုင်ဘူး။ ပြင်ချင်တယ်၊ ပြောင်းချင်
တယ်၊ အဲ့ဒီ့ စိတ်ကလေးကိုသိပေးပါ။ ပျောက်ချင်စိတ်၊ ဖြစ်နေရင်လည်း အဲဒီ စိတ်ကလေးကိုပဲ သတိထားကြည့်
မကျေနပ်စိတ် ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲ့ဒီ စိတ်ကလေးကိုပဲ သတိထားကြည့်၊ မကျေနပ်စိတ် ဖြစ်ရင်လည်း ကြည့်ပေး
သိပေးပါ၊
သက်သက်သာသာ၊အေးအေးချမ်းချမ်း
သည်းခံနိုင်သလောက် သည်းခံပါ။ သိပ် နာကျင်ခံခက်မှု ဖြစ်လာရင် နာတာကြီးကို အာရုံ မပြုဘဲ အဲ့ဒီ နာကျင်ခံ
ခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ ခံစားချက်ကို အာရုံ ပြုပေးပါ၊ ရှုပေးပါ။ မကောင်းတဲ့ ခံစားချက်လေးကို
သတိထားပြီး ရှုပေးပါ။ မတတ်နိုင်ရင် တော်လို့ရပါတယ်၊ စိတ်မှာတော့ အကုသိုလ် မဖြစ်ပါစေနဲ့။ ကုသိုလ် ဆိုတာ
စိတ်ကလေး အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် သက်သက်သာသာပါပဲ။ ဘာမှ မပူလောင်ပါဘူး။
နာတာနဲ့ ကိုယ်နဲ့ မရောစေနဲ့
နာတာကသက်သက်၊ ကိုယ်က သက်သက်။ ကိုက်တာ ခဲတာက သက်သက်၊ ကိုယ်ကသက်သက်။ အဲဒီလို သတ်သတ်စီမှန်းသိအောင်ကြည့် ရပါတယ်။
တကယ်တော့ ကိုယ်ဆိုတာ မရှိပါဘု၊ နာတဲ့ သဘောဖောက်ပြန်တဲ့ သဘောတရား၊ ဖောက်ပြန်မှု မျှပဲ ရှိတယ်။
No comments:
Post a Comment