နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Tuesday, January 5, 2010

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီး၏ သြ၀ါဒကထာများ(2)

စိတ်ပျံလွင့်သော်

်စိတ်ပျံလွင့်တာကို အတင်းမထိန်းထားပါနဲ့၊ ပျံလွင့်ရင်ပျံလွင့်မှန်းသိဖို့ပါပဲ၊ စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ စိတ်ပြေးရင်ပြေးမှန်း၊ တွေးရင်တွေးမှန်း၊ ကြံရင်ကြံမှန်း သိနေရုံပဲ၊ သိရင်တော်ပြီ၊ တည်ငြိမ်အောင် လုပ်တာမဟုတ်ပါဘူး၊ တည်ငြိမ်လို့၊ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘုး။ တည်တာကိုကောင်းတယ် ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊ သိနေဖို့ပဲ၊ ကောင်းကောင်း မကောင်းကောင်း၊ တည်တာလည်းသိ၊ မတည်တာလည်း သိရမယ်။

ဖြူအောင်စိတ်ကိုထား
တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပဝါဖြူလေးလို ဖြူစင်သန့်ရှင်အောင် လုပ်နေတာပါ။ စိတ်ကိုကိလေသာတွေနဲ့ မပေါင်းမိအောင်-
စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက်ညှင်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့မပေါင်းမိအောင်-
စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲ ဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာ။

ဝီရိယဆိုတာ
* မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်၊
* ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပြောက်အောင်၊
* မဖြစ်သေးတဲ့ စိတ်ကောင်း၊ စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊
* ဖြစ်ပြီးသား စိတ်ကောင်း၊ စိတ်မြတ်တွေ တိုးပွားလာအောင်၊
ဝီရိယက သူ့အလုပ် သူလုပ်နေမှာပါ၊

ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း
လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကို ကြည့်ရင် မကောင်းတဲ့စိတ်တွေကြောင့်.........
မကောင်းတာတွေပြု၊ မကောင်းတာတွေပြော၊ မကောင်းတာတွေကြံပြီး ဆင်းရဲဒုက္ခရောက်ကြတယ်။
ကောင်းတဲ့စိတ်တွေကြောင့်........
ကောင်းတာတွေပြုမယ်၊ ပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေပြည့်စုံကြရမှာပါ။

ရောဂါနှင့်ဝေဒနာ
ရောဂါနှင့်ဝေဒနာ ကို ကွဲအောင် ကြည့်ပါ။ ကိုယ်ထဲမှာ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ အဲ့ဒါကရောဂါ။ အဲ့ဒီ
ကိုယ်အနာ ရောဂါကို အကြောင်းပြုပြီတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ (ခံစားချက်)၊ ဖေါက်ပြန်နေတဲ့
ရောဂါကိုချည်း သွားကြည့်နေရင် သိပ်အခံရခက်တယ်၊ စိတ်ထဲမှာ မခံသာတဲ့ ဝေဒနာ(ခံစားချက်)ကို ကြည့်ပေး
ပါ။ မခံသာတဲ့ ဝေဒနာက သတ်သတ်၊ ရောဂါ သတ်သတ်။ မခံသာတဲ့ စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး၊ သူများဖြစ်တာလေးကို ကြည့်နေရသလို......။ ဆရာဝန်က လူမမာကို ကြည့်ရသလို။
ကိုယ်ပါရော မနာတော့ဘူး။
ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရောစိတ်ပါရော နာသွားတယ်။ မခံနိုင်ဘူး။ ပြင်ချင်တယ်၊ ပြောင်းချင်
တယ်၊ အဲ့ဒီ့ စိတ်ကလေးကိုသိပေးပါ။ ပျောက်ချင်စိတ်၊ ဖြစ်နေရင်လည်း အဲဒီ စိတ်ကလေးကိုပဲ သတိထားကြည့်
မကျေနပ်စိတ် ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲ့ဒီ စိတ်ကလေးကိုပဲ သတိထားကြည့်၊ မကျေနပ်စိတ် ဖြစ်ရင်လည်း ကြည့်ပေး
သိပေးပါ၊

သက်သက်သာသာ၊အေးအေးချမ်းချမ်း
ကိုယ် လုပ်နိုင်သလောက်လုပ်ပါ၊ မနိုင်ရင် ပြောင်းလို့ ပြင်လို့ ရပါတယ်၊ သက်သက် အပင်ပန်းခံပြီး မလုပ်ရပါဘူး။
သည်းခံနိုင်သလောက် သည်းခံပါ။ သိပ် နာကျင်ခံခက်မှု ဖြစ်လာရင် နာတာကြီးကို အာရုံ မပြုဘဲ အဲ့ဒီ နာကျင်ခံ
ခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ ခံစားချက်ကို အာရုံ ပြုပေးပါ၊ ရှုပေးပါ။ မကောင်းတဲ့ ခံစားချက်လေးကို
သတိထားပြီး ရှုပေးပါ။ မတတ်နိုင်ရင် တော်လို့ရပါတယ်၊ စိတ်မှာတော့ အကုသိုလ် မဖြစ်ပါစေနဲ့။ ကုသိုလ် ဆိုတာ
စိတ်ကလေး အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် သက်သက်သာသာပါပဲ။ ဘာမှ မပူလောင်ပါဘူး။

နာတာနဲ့ ကိုယ်နဲ့ မရောစေနဲ့
နာတာကသက်သက်၊ ကိုယ်က သက်သက်။ ကိုက်တာ ခဲတာက သက်သက်၊ ကိုယ်ကသက်သက်။ အဲဒီလို သတ်
သတ်စီမှန်းသိအောင်ကြည့် ရပါတယ်။
တကယ်တော့ ကိုယ်ဆိုတာ မရှိပါဘု၊ နာတဲ့ သဘောဖောက်ပြန်တဲ့ သဘောတရား၊ ဖောက်ပြန်မှု မျှပဲ ရှိတယ်။

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers