နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Monday, December 28, 2009

မိန်းမ မကြောက်တဲ့ ယောင်္ကျား

ရှေ့ခေတ်တုန်းက ဘုရင်တစ်ပါးဟာ တိုင်းပြည်ကို အုပ်ချုပ်စိုးစံနေသတဲ့။ တိုင်းပြည်ကို အုပ်ချုပ် မင်းဘုရင်လုပ်သော်ငြားလည်း မိဖုရားကိုမူကား ကြောက်တော်မူရှာတယ်။ ဒါနဲ့ ဘုရင်က အင်း မိန်းမ မကြောက်ရတဲ့နည်း ရှိရင်ကောင်းမှာပဲ။ ငါ ဘယ်လို နည်းကောင်းတွေရနိုင်မလဲ။ လို့ အကြံ ထုတ်တော်မူတယ်။ နောက်တော့ အကြံတစ်ခု ရပြီး မှူးမတ်အပေါင်းတွေကို အကောင်အထည် ဖော်စေတယ်။
ဘုရင်ရဲ့ အကြံကတော့ နန်းတော်မှာ အဆောင်နှစ်ခုကို အကြီးကြီးဆောက်လုပ်စေပြီး တစ်ဆောင်ရဲ့ မုခ်ဝမှာ မိန်းမ ကြောက်သူများအဆောင် လို့ ရေးသားချိပ်ဆွဲထားစေတယ်။ နောက်တစ်ဆောင်မှာတော့ မိန်းမ မကြောက်သူများအဆောင်လို့ ရေးသားချိပ်ဆွဲထားစေတယ်။ တိုင်းပြည်တွင်းရှိ မည်သည့်ယောင်္ကျားသားများမကျန် ဤရက်ဤအချိန်မှာ နန်းတော်သို့ အရောက် လာစေရမည်ဟု မောင်းထုကြေငြာစေတယ်။ နန်းတွင်းကို ရောက်ရှိလာသော ယောင်္ကျားသားများက ဤအဆောင်နှစ်ဆောင်၏ မုခ်ဝ၌ချိပ်ဆွဲထားသည့်စာသားကိုဖတ်ကြည့်ပြီး မိမိတို့ရဲ့သဘောဆန္ဒအမှန်အတိုင်း ၀င်နေကြရတယ်။ ဘယ်အဆောင်ကို ယောင်္ကျားသားများ ၀င်နေတာများလဲ ဆိုတော့ မိန်းမ ကြောက်သူများအဆောင်က ဖြစ်နေတယ်။ ဘုရင်က အပေါ်ထပ် လေသာဆောင်ကနေ စတီခုံဆိုဖာပေါ်မှာထိုင်........အဲ ဆိုဖာမရှိသေးဘူး။ ရေနွေးကြမ်းသုံးဆောင်ပြီး မိန်းမ မကြောက်သူများအဆောင်ကို ဘယ် အာဂ ပုရိသ များ ၀င်နေမတုံးဆိုတဲ့ ဇောစိတ်နဲ့ ကြည့်ရှုနေတယ်။ အဲလိုမျှော်နေတုန်းမှာပဲ ယောင်္ကကျားတစ်ယောက်က ကုတ်ချောင်ကုတ်ချောင်နဲ့ မိန်းမ မကြောက်သူများ အဆောင်ကို ၀င်ပါလေရော။ ဘုရင်ကတော့ အင်း ငါတော့ အားကိုးရာ ရပြီ။ ကျန်တဲ့ယောင်္ကျားသားများက မိန်းမ ကြောက်သူများအဆောင်ကို ၀င်တော့ အကုန်လုံး ပြန်လွှတ်ခိုင်းလိုက်တယ်။ ဘုရင်မင်းမြတ်က အာဂပုရိသကို
ဘုရင်။ ။မိန်းမ မကြောက်ရအောင် မောင်မင်း ဘယ်လို လုပ်ရလဲ။ မိန်းမများကို မကြောက်ရအောင် မိန်းမနိုင်တဲ့နည်းရှိပါသလား။ ပြောပြစမ်းပါအုံး။
အာဂပုရိသ။ ။တခြားနည်းတွေ ဘာတွေ မသိပါဘူး။
ဘုရင်။ ။မောင်မင်း ဘာကြောင့် ဒီ မိန်းမ မကြောက်ရတဲ့အဆောင်ကို ၀င်နေရတာလဲ။ မိန်းမကို မကြောက်လို့ မဟုတ်ဘူးလား။
အာဂပုရိသ။ ။ကျွန်တော်မျိုး ၀င်ရတဲ့အကြောင်းရင်း ကျွန်တော်မျိုး မိန်းမက မှာလိုက်တယ်။ သူများလုပ်တိုင်း လိုက်မလုပ်ရဘူး ဆိုလို့ သူများတွေ မ၀င်တဲ့ ဒီအဆောင်ကို ကျွန်တော်မျိုး ၀င်ရခြင်း ဖြစ်ပါတယ်။
ဘုရင်။ ။ ဟ လောက မှာ မိန်းမ မကြောက်တဲ့ယောင်္ကျား မရှိပါလား။ မိဖုရားကြီးလည်း ရှိပါစေတော့။
ဆိုပြီး .......................။

ဆရာတော်တစ်ပါး၏ တရားဟောပြောချက်ကို သရုပ်ဖော်ရေးသားသည်။

Saturday, December 26, 2009

ဆရာနှင့်ဒကာ ဓမ္မသာကစ္ဆာ

(အမှာစကား ကြိုတင်ပါးလိုက်ပါရစေ….ဆရာကောင်းသမားကောင်း၊ ကြည်ညိုဖွယ်ရာ မြတ်သံဃာအပေါင်းအား စော်ကားလိုစိတ် အလျဉ်းမရှိပါ။ ဤစာကတော့ အဆိုပါ မြတ်သံဃာအပေါင်းနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါ။ နောက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သောစာလည်း မဟုတ်ပါ။)

ဒကာ= အရှင်ဘုရားနေကောင်းလားဘုရား။ တပည့်တော်တောင် ဆရာတော့်ဆီ မရောက်တာကြာပြီ။ တပည့်တော် ပြီးခဲ့တဲ့လက တရားအားထုတ်ဖြစ်သေးတယ်ဘုရား။

ဆရာ= အေး..အေး…ကောင်းတယ်၊ ကောင်းတယ်။ ကောင်းတာလုပ်မှတော့ ကောင်းတာဖြစ်မှာပေါ့။ ဒါနဲ့ နေပါအုံး။ ဒကာစီးလာတဲ့ ကားကြီးက ကောင်းလှချည်လား။ ဘယ်လောက်ပေးရတုန်း။ ကျုပ်တို့တို့တော့ဖြင့် ၀ယ်မစီးနိုင်ပါဘူးဗျာ။

ဒကာ= တင်ပါ့ဘုရား..။ ဆရာတော်က မလိုပါဘူးဘုရား။ ကားအမျိုးမျိုး စီးနေရတာပဲ။ ဒါနဲ့ ညက တပည့်တော် ဘုရားရှေ့မှာ တရားထိုင်နေတော့ တစ်ကိုယ်လုံး ပျောက်သွားသလိုကြီး ဖြစ်သွားတယ်ဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်၊ ကောင်းတယ်။ ဆက်အားထုတ်။ ဒါနဲ့ ဟိုရေခဲသေတ္တာကြီးက မနေ့က ၀ယ်လာတာလေ။ ဘုန်းကြီး စုထားတာလေးတွေ ကုန်တာပါပဲ။ ဈေးတွေကလည်း တက်လှပါတယ်။ ကျောင်းမှာကလည်း လိုအပ်တာတွေချည်းပဲ။ လှူတန်းသူတွေကလည်း နည်းလာသဗျ။

ဒကာ= တင်ပါ့ဘုရား။ ဖြည်းဖြည်းချင်း ဖြည့်သွားရမှာပေါ့။ ဒါနဲ့ တပည့်တော်တရားထိုင်တော့ ၀ိတက်တို့၊ ၀ိစာရတို့အကြောင်းကို စိတ်ထဲက အလိုလို သိချင်လာတယ်ဘုရား။ အဲဒါ တပည့်တော်ကို ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး…၀ိတက်ဆိုတာ ကြံစည်တာပေါ့ကွာ။ ၀ိစာရဆိုတာ သုံးသပ်တာပေါ့ကွာ။ အေး…ဒါနဲ့ ကျောင်းတိုက်တစ်ခု တည်ထောင်ရတာ မလွယ်ပါဘူး။ အခုဆို ငှါးခတွေကလည်း နှစ်ဆကို တက်သွားတာပဲ။ ဘုန်းကြီးမယ် တစ်လတစ်လ လခပေးဖို့ကို မနည်းရုန်းကန်နေရတယ်။ အခုတလော အလှူအတန်းတွေကလည်း ရှားပါးလာတယ်ကွယ့်။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ စုပေါင်းပြီး တတ်နိုင်သရွေ့စုပေါင်းလှူကြမှာပေါ့ဘုရား။ ဒါနဲ့ တရားထိုင်တဲ့အခါမှာ အာရမ္မဏဆိုတာ သိရတယ်ဘုရား။ ကမ္မဋ္ဌာန်းအာရုံနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်လေးတွေ ရှင်းပြပေးပါအုံးဘုရား။

ဆရာ= အေး….အေး။ အာရမ္မဏဆိုတာ အာရုံပေါ့ကွာ။ ကမ္မဋ္ဌာန်းဆိုတာကတော့ ကမ္မဋ္ဌာန်းပေါ့။ ကမ္မဋ္ဌာန်းအာရုံဆိုတာကတော့ ကမ္မဋ္ဌာန်းအာရုံလို့ မှတ်လိုက်တာ ကောင်းပါတယ်။ ရှင်းပလား။ ဒါနဲ့ ငွေဈေးတွေ ဘယ်လိုဖြစ်နေတုန်း။ ငွေဈေးတွေ တက်လိုက်ကျလိုက်နဲ့။ လုပ်ရကိုင်ရ တော်တော်ကျပ်တယ်။ အမေရိကန်ဒေါ်လာတွေ ဈေးတွေကျနေတော့ ဘုန်းကြီးက ဒေါ်လာပဲ ဆောင်ထားတော့ ပူနေရတယ်။ ကမ္ဘာစီးပွားရေးလည်း ဘယ်လိုတွေ ဖြစ်နေမှန်း မသိပါဘူးကွာ။ စိတ်ကို တော်တော်ညစ်ပါတယ် ဒကာရယ်။

ဒကာ= တင်ပါ့ဘုရား။ အဆင်ပြေသွားမှာပါဘုရား။ တပည့်တော်တို့က ကိုယ်တိုင် စီးပွားရေးလုပ်နေတာ့ ပိုပူရပါတယ်။ ဒါနဲ့ တရားအားထုတ်ရင် သမာဓိလေး ရတော့မယ်လုပ်ရင် တစ်ကိုယ်လုံး နေရာအနှံ့အပြားက ယားယံလာသလိုကြီး ခံစားရတယ်ဘုရား။ တစ်နေရာမှာ ခြင်ကိုက်နေသလို၊ ပုရွက်ဆိတ်ကိုက်နေသလို၊ တကယ်ကြည့်လိုက်တော့လည်း ဘာကောင်မှ မကိုက်ဘူးဘုရား။ အဲဒီလို ဖြစ်နေရင် ဘယ်လိုဆက်ပြီး အားထုတ်ရမလဲဘုရား။ အမိန့်ရှိပါအုံး။

ဆရာ= အေး…အေး..ကောင်းတယ်။ ကောင်းတယ်။ အဲဒါ ကောင်းတယ်။ ဆက်အားထုတ်။ ဒါနဲ့ ဒကာကြီးသားက အမေရိကားမှာ ကျောင်းတက်ဖို့ လုပ်နေတာကော အဆင်ပြေသွားပြီလား။ တို့လည်း အမေရိကားသွားချင်နေတာ။ အဆင်ကို မပြေဘူး။ တို့များ အမေရိကသွားဖို့ ကံဇာတာ မပါဘူး ထင်ပါရဲ့။ သေသေချာချာ အကုန်အကျခံ လုပ်ပေးသူရှိရင်တော့ အကောင်းသား။ မသေခင် အမေရိကကိုတော့ ရောက်ချင်လိုက်ပါဘိ ဒကာရယ်။ ဒီလို ခေတ်မှီတဲ့ခေတ်ကြီးမှာ အမေရိကလေးတော့ ရောက်ချင်သားကွယ်။

ဒကာ= တင်ပါဘုရား။ ရောက်မှာပါ့ဘုရား။ ဟိုနေ့က ဒီကို အညာက ကောင်လေးတွေ ရောက်လာတယ်ဘုရား။ သူတို့ရွာမှာဆို ဆယ်မိုင်လောက်ပဲဝေးတဲ့ မြို့ပေါ်ကို မရောက်သေးတဲ့ ရွာသားတွေ အများကြီးတဲ့ဘုရား။ ကျောင်းထိုင်ဘုန်းကြီးက ရန်ကုန်သွားရမယ်ဆိုရင် အလွန် ပျော်ကြတယ်ဆိုပဲဘုရား။ ဆရာတော်တော့ မသိဘူးဘုရား၊ တပည့်တော်တော့ အခုလို ပြည်ပထွက်ခွင့်ရတာကိုပဲ တော်တော်ကံကောင်းတယ်လို့ မှတ်ယူမိပါတယ်ဘုရား။ အခု ဗုဒ္ဓဘာသာဖြစ်ပြီး တရားအားထုတ်ကျင့်လေးပါ ရနေတော့ ၀မ်းသာတယ်ဘုရား၊
ဒါနဲ့ အခုတပည့်တော်က ဖားအောက်နည်းနဲ့ တရားမှတ်တာဘုရား။ မိုးကုတ်နည်းတို့ မဟာစည်နည်းတို့ ကန္နီနည်းတို့ အများကြီးပဲ ကြားဖူးတယ်ဘုရား။ နောက်ထပ်ဘယ်နည်းတွေ ရှိသေးလဲဘုရား။ မိုးကုတ်က ထွက်လေ၀င်လေ၊ မဟာစည်က ဖောင်းပိန်၊ ကန္နီနည်းက ထွက်လေ၀င်လေကို ဂဏန်းရေနဲ့ မှတ်တာ။ အဲဒီလောက်ပဲ သိတယ်ဘုရား။ တပည့်တော်ကို အဲဒီနည်းတွေအကြောင်း ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး….ကောင်းတယ်။ ကောင်းတယ်။ နည်းတွေက အများကြီးပါပဲကွာ။ ဖားအောက်နည်းက ဖားအောက်ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ နည်း၊ မိုးကုတ်နည်းက မိုးကုတ်ဆရာတော်ကြီး ချမှတ်ခဲ့တဲ့နည်း၊ မဟာစည်နည်းက မဟာစည်ဆရာတော်ကြီး ရှုမှတ်ခဲ့တဲ့နည်း…..အဲဒီလိုပေါ့ကွာ။ ရှင်းပါတယ်။ ကွာပါဘူးကွာ။ ဘုရားနည်းတွေချည်းပါပဲ။ စာအုပ်တွေ အများကြီးပါပဲ။ ရှာဖတ်လေ။ စာအုပ်စာပေ လူ့မိတ်တွေတဲ့ကွ။ စာဖတ်ရတယ်။ ဒါနဲ့ ကျောင်းရံပုံငွေက အတော်နည်းနေပြီ။ အဲဒါ အသိမိတ်တွေလေးတွေ ဖိတ်ပြီး ရံပုံငွေလေးဘာလေး တိုးအောင်ကြံဆောင်ကြပါအုံး။ သာသနာပြုရတာ မလွယ်ပါဘူးကွာ။ စည်းလုံးမှုက အတော်နည်းကြတယ်။ ဘယ်နေရာမဆို ညီညွတ်မှ။ ညီညွတ်မှ အောင်ပွဲရတာ။ ဒကာတွေက ညီညီညွတ်ညွတ် လှူကြတန်းကြမှ ဘုန်းကြီးတို့က အလုပ်လုပ်ရလွယ်တာ။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ တတ်နိုင်သလောက် လှူကြတန်းမှာပါဘုရား။ အခုတလော အလုပ်အကိုင်တွေက အဆင်မပြေတော့လို့ပါဘုရား။ ခွင့်လွှတ်သည်းခံတော်မူပါဘုရား။ ဒါနဲ့ နာဂစ်ရဲ့ ဂယက်ကလည်း မပြီးသေးဘူးဘုရား။ ဗုဒ္ဓဘာသာတွေက အနီးကပ်လှူဒါန်းမှုမပြုတော့ အနီးကပ်လုပ်ဆောင်နေတဲ့ ခရစ်ယာန်ဘာသာကို ပြောင်းကုန်တဲ့ ဗုဒ္ဓဘာသာတွေအများကြီးပဲဘုရား။ ခရစ်ယာန်တွေကလည်း သူတို့ဘာသာပြောင်းရင် အိမ်ဆောက်ပေးမယ်…စတဲ့ မက်လုံးတွေ ပေးပြီး လုပ်ကြတာဘုရား။ တပည့်တော်စာဖတ်လို့ သိရပါတယ်ဘုရား။ အိမ်ဆိုတာ လူတိုင်းလိုချင်ကြတာပဲဘုရား။ နေစရာအိမ်မရှိသူတွေက အိမ်လိုချင်တော့ ဘာသာခြားကို ပြောင်းကုန်တော့တာပဲဘုရား။ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခြားနိုင်ငံမှာ အဲဒီလို ဖြစ်ရင် ကိစ္စမရှိပါဘူး။ အခုလို ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတော့ တော်တော်ကို ရင်နာစရာကောင်းတယ်ဘုရား။ နောက်ပြီး ဘုန်းကြီးက ၅-သိန်းခန့်၊ သီလရှင် သိန်းချီရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်တွေ ရှိနေတာ ပိုဆိုးတယ်ဘုရား။ နာဂစ်အတွက် တပည့်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး လှူနေတုန်းပဲဘုရား။ ပြီးခဲ့တဲ့လကတောင် ၁၀-သိန်းလောက် လှူလိုက်သေးတယ်ဘုရား။

ဆရာ= အေး…အေး….ကောင်းတယ်၊ ကောင်းတယ်။ တို့လည်း တစ်ခါတော့ လှူလိုက်သေးတယ်လေ။ တတ်နိုင်သလောက်ပေါ့။ ဘုန်းကြီးတို့ကတော့ သာသနာရေးကိစ္စတွေ ဒီကျောင်းလေးကိစ္စတွေနဲ့ လှည့်မကြည့်နိုင်ဘူး။ အလှူအတန်းဆိုတာ ဘုန်းကံကြီးတဲ့သူ အစွမ်းအစရှိတဲ့သူတွေမှ လှူနိုင်တာ။ ကြိုးစားလှူကြ။ ဒါနဲ့ အခု စက်ပစ္စည်းအသစ်ဆိုတာတွေ အရမ်းကို ကြောငြာနေတယ်နော်။ ဘုန်းကြီးလဲ laptop တစ်လုံးလောက် လိုချင်လိုက်တာ။ ဘုန်းကြီးကြိုက်တဲ့ဥစ္စာက ဒေါ်လာ ၁၇၀၀-လောက်ရှိတယ်ဆိုပဲ။ သုံးရတာ အတော်ကောင်းတယ်ဆိုပဲကွယ့်။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ ဆရာတော်သုံးချင်တယ်ဆိုရင် လုပ်ပေးပါ့မယ်ဘုရား။ တပည့်တော်တို့ သူငယ်ချင်းတွေ နာဂစ်အတွက်ဆိုပြီး စုထားတဲ့ငွေလေး ၁၀-သိန်းလောက်တော့ ရှိပါတယ်။ အဲဒါကို ထပ်ဖြည့်ပြီး ဆရာတော့်အတွက် သုံးလိုက်ရင် ကောင်းမလားဘုရား။ ဒါနဲ့ အာနာပါန(ထွက်လေ၀င်လေ)တရားအားထုတ်တာကို တစ်ချို့က နိဗ္ဗာန်မရနိုင်ဘူးဘာညာနဲ့ တပည့်တော်ကို ပြောတယ်ဘုရား။ အဲဒါ အာနာပါနအကြောင်းနဲ့ ဘယ်လိုအားထုတ်ရင် အကျိုးများမယ်ဆိုတာ ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်၊ ကောင်းတယ်။ ဘုန်းကြီးတော့ အကောင်းစား laptopကြီး ကိုင်ရတော့မယ်ပေါ့။ အေးကွ…သာသနာ ပုည၀န္တဿ…..သာသနာဆိုတာ ဘုန်းကံကြီးမားတဲ့သူတွေမှ ထောက်ပံ့လို့ ရတာ။ ဒကာက ဘုန်းကံကြီးလို့ လှူခွင့်ရှိတာ။ ဘုန်းကံမရှိတဲ့သူတွေ ကျောင်းတောင်မလာနိုင်ဘူး။ ဟုတ်တယ်မလား။ အင်း…အာနာပါန…ထွက်လေ၀င်လေ ကမ္မဋ္ဌာန်းဟုတ်လား။ တရားအားထုတ်ဖို့ အများကြီး သိစရာ မလိုပါဘူးကွာ။ ကိုယ်အားထုတ်စဉ်အတိုင်းသာ ဆရာညွှန်ပြတဲ့အတိုင်း အားထုတ်စမ်းပါ။ အချိန်တန်လို့ ပါရမီပြည့်ရင် နိဗ္ဗာန်ရောက်မှာပါ။

ဒကာ= အော်….အော်…..အော်….တင်ပါ့ဘုရား။ ဆရာတော့်ဆီက ဒီနေ့ တရားဓမ္မအကြောင်းတွေ အများကြီးကြားရလို့ ၀မ်းသာပါတယ်။ ဆရာတော်ကိုလည်း ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်ကို ပြန်ခွင့်ပြုပါအုံးဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်။ ကောင်းတယ်။ ဆက်လက်ချီးမြောက်လှူဒါန်းနိုင်သူ ဖြစ်ပါစေကွယ်….

http://attalwinpyin.blogspot.com မှ ကူးယူသည်။

ဂျပန် ပညာရှင်တွေတော့ လိုက်မမှီအောင် လုပ်ပြီ

ဂျပန်ထွင်တဲ့ လက်တော့ပ်ထက် ၀န်ဆောင်မှုကျဉ်းတဲ့ ကွန်ပျူတာ။ လိုက်မမှီသော်ငြားလည်း ဒါမျိုးတွေတောင် ရှိနေပြီလို့ မသိသေးသောမိတ်ဆွေများ သိအောင် တင်ပြလိုက်ပါသည်။









Friday, December 25, 2009

သားသမီး မေတ္တာ လည်း ဖော်ပြသင့်သည်မဟုတ်ပါလော

မိဘ မေတ္တာ ၊ မိဘ မေတ္တာ နဲ့ ပဲ ကြားနေရတာ...........သားသမီး မေတ္တာဆိုတာ သိပ်ကြားရလေ့ မရှိပါဘူး။ အဲဒီ့ အတွက် ကျွန်မစိတ်မကောင်းပါဘူး။ ဘာလို့ လဲ ဆိုတော့  မိဘတွေ သားသမီးတွေ အပေါ်မေတ္တာ ထားသလို ကျွန်မတို့ သားသမီးတွေ အပေါ်ကလဲ မိဘတွေ အပေါ် မေတ္တာထားကြတာ ရှိကြပါတယ်........။အဲဒါတွေကျတော့ ဘာလို့  လူတွေ သိပ်မသိကြတာလဲ လို့
ကျွန်မ တွေးမိတယ်။ တကယ်တော့ သားသမီးတွေ လဲ မိဘ တွေ အပေါ် မှာ သူ တို့ တို့ ထားတဲ့ မေတ္တာ တရားကို မမှီရင်တောင် နီးပါးတူညီနိုင်တဲ့ မေတ္တာ တရားတွေ ရှိနေတတ်ကြပါတယ်.
ကျွန်မကတော့ ကမ္ဘာပေါ်မှာ အချစ်ဆုံးက ဖေဖေလေ။ ကျွန်မ ဖေဖေ့ ကို သိပ်ချစ်တာ ဖေဖေ ကလဲ သိတယ်။ မေမေကလဲ လက်ခံတယ်။ မေမေ့ ကို ချစ်ရတာ လမင်းပေါ်မှာ အိပ်ရတာနဲ့ တူပြီး ၊ ဖေဖေ့ ကို ချစ်ရတာ တော့ နေမင်း ပေါ်မှာ အိပ်ရတာနဲ့ တူတယ်။ ဖေဖေ နဲ့ မေမေ ဟာ ကျွန်မ ကမ္ဘာ အတွက်တော့ ပြီးပြည့်စုံ တဲ့  လတစ်စင်း နဲ့  နေတစ်စင်းပဲ။ အများအားဖြင့်တော့ ယောက်က်ျားသားလေးတွေက မိခင်ကို ပိုတွယ်တာကြပြီး မိန်းမသားတွေကတော့ ဖခင်ကို ပိုတွယ်တာကြတယ်။ ဒါကြောင့်ထင်တယ်..........။ ကျွန်မက ၀မ်းနဲ့ လွယ်မွေးထားတဲ့ မေမေ့ ထက် ဖေဖေ့ကို ပိုချစ်တယ်လို့ ပြောတိုင်း စိတ်တော့ သိပ်မလုံလှဘူး။ မေမေ့ ရဲ့ မေတ္တာတရားနဲ့ ကျေးဇူးက ဘယ်အရာ နဲ့ မှ ထပ်တူမညီနိုင်တာ နားလည်သိတတ်နေတာတောင် ကျွန်မစိတ်ကတော့ ဖေဖေ့ ကို ချစ်တယ်လို့ထပ်ခါ ထပ်ခါ ပြောရင်း မေမေ့ကို လည်းချစ်နေတတ်တယ်။ ဖေဖေ့ ကို ဘာလို့ ချစ်လဲ လို့ မေးရင် ကျွန်မ ငယ်စဉ်ကထဲက ဖေဖေ က မဆူဘူး၊ မရိုက်ဘူး၊ ကျွန်မ အတွက် ငယ်စဉ်ကာလကတည်းက ကစားဖော်လဲ ဖြစ်ခဲ့တယ်။ အားကိုးရာလဲ ဖြစ်ခဲ့တယ်။တိုင်ပင်ဖော်လဲ ဖြစ်ခဲ့တယ်။ ရင်ဖွင့် ဖော်လဲ ဖြစ်ခဲ့တယ်။ လိုအပ်တဲ့ အချိန်တိုင်းအတွက် ဖေဖေဟာ အမြဲရှိနေခဲ့တယ်။ ဒါကြောင့် ကျွန်မ က ကိစ္စ တစ်ခုကို လုံးဝ ရင်မဆိုင်ချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ အခါ အားလုံးကို ဒီအတိုင်းထားခဲ့ ပြီး ဖေဖေ့ ဆီ ရောက်သွားတတ်တယ်။ ဖေဖေ့ ရင်ခွင်ထဲ ၀င်ပြီး ဖြစ်တဲ့ ပြသနာ တွေ ပြောပြ ၊ တိုင်ပင်တဲ့ အခါ ဖေဖေက အကြံပေးနှစ်သိမ့်လိုက်ရင် အဲဒီ့ပြသနာမျိုး အခု တစ်ရာ လာပါစေ........ကျွန်မ မကြောက်တတ်တော့ဘူး.....။
ဖေဖေ့ ကို ချစ်ရတာ ဘယ်လောက်အေးမြတယ်၊ နွေးထွေးတယ်၊ လုံခြုံတယ်ဆိုတာကို ပြောပြစရာ ထပ်တူ ညီနိုင်တဲ့ စကားလုံး ကျွန်မ ရှာတယ်။ မတွေ့ရတဲ့ အတွက် ကျွန်မ စိတ်မကောင်းပါဘူး။ တကယ်တော့ ကျွန်မဖေဖေက သာမန် လူသားတစ်ယောက်ပါပဲ.။ ဘာဘွဲ့ ၊ ဘာဂုဏ်ထူးမှ မရှိတဲ့ ရိုးသားတဲ့တောသားတစ်ယောက်ပါ။ ဒါပေမဲ့ ဖေဖေ့ ကို ကျွန်မ ကိုယ်တိုင်ပေးထားတဲ့ ဘွဲ့ တွေ မရေတွက်နိုင်ခဲ့ဘူး ။ သူများအပေါ် စိတ်ကောင်းစေတနာကောင်းထားတတ်တဲ့ ဖေဖေ၊ သည်းခံတတ်တဲ့ ဖေဖေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အားလုံး ဖေဖေဟာ ဘယ်ဘက်ကိုမှ မလစ်ဟင်းအောင် တာဝန်ကျေပွန်တဲ့ သူပါ။
ဖေဖေ ရဲ့  " တစ်နပ်စား ရုံ မကြည့် နဲ့  ....ရေရှည်အတွက်ကြည့် ..........." ဆိုတဲ့ စကားတို့ ။
နောက် " မဟုတ်တာ လုပ်ရင် မဟတ်တာ ဖြစ်တယ် " ဆိုတဲ့ စကားတို့ တွေ နဲ့ အရွယ်ရောက်လာတဲ့ ကျွန်မ က အခုချိန်ထိ ရိုးသားမှု ဆိုတဲ့ စကားလုံးနဲ့ အံဝင်ခွင်ကျ ဖြစ်နေတတ်တယ်။
ဖေဖေ ကျွန်မ အပေါ်ချစ်နိုင်တဲ့ ချစ်နိုင်မှု မျိုးကို ကြုံ ရတဲ့ကျွန်မက ဖေဖေ့ကို မေးဖူးတယ် ။ " ဖေဖေ ...သူများတွေကရော သူတို့ သားသမီးတွေကိုဖေဖေ ချစ်သလို ချစ်ကြရဲ့ လား၊ သမီးတော့ ထင်တယ်...ဖေဖေချစ်သလို သူများဖေဖေတွေက ချစ်နိုင်မှာမဟုတ်ဘူးလို့...." ဆိုတော့ ဖေဖေက ပြုံး ပြီး " အားလုံးတူတူ ပဲပေါ့ကွ " တဲ့။
တကယ်တော့ ဖေဖေက ချစ်နိုင်လွန်းလို့ အဲဒီ့ လို စိတ်တောင် ၀င်ခဲ့တာပါ။
သိပ်ကလေး ဆန်တဲ့  ချစ်စရာကောင်းတဲ့ အတွေးလေးတွေပေါ့ ။ ကျွန်မ ထင်တယ်။ မေတ္တာ တရားဆိုတာ ကိုယ်ကရ မှ သူများကို ပေးတတ်တာပါ။ ပူပူဆူဆူ မရှိပဲ ၊ အေးချမ်းတဲ့ မိသားစု အိမ်လေးမှာ နေလာခဲ့ရတဲ့ ကျွန်မက အသိဆုံးပေါ့ ။
ငယ်ငယ်လေး နဲ့ သုံးနှစ်သမီး နဲ့ ဘုန်းကြီးကျောင်းပို့ခဲ့ တဲ့  ဖေဖေ နဲ့ မေမေကြောင့် ကျွန်မ ဘာသာတရားနဲ့ မဝေးခဲ့ သလို၊ လူကြီးသူမအပေါ် နားလည်ပေးတတ်ခဲ့တယ်.။
ဒါကြောင့်လဲ ကျွန်မတို့မိသားစု ကို ကျွန်မတို့ပတ်ဝန်းကျင်က "စံပြမိသားစု " တဲ့။ ပစ္စည်းဥစ္စာ သိပ်မရှိပေမဲ့ ... ပျော်စရာ ကောင်းတဲ့ ကျွန်မတို့ မိသားစုလေးက လူမှုရေး၊ သာရေး၊ နာရေး ဘာသာရေး......အားလုံးကို တက်ညီလက်ညီ ကူညီတတ်တယ်.။
ဒါတွေဟာ ဖေဖေ ပေးခဲ့တဲ့ ကျွန်မတို့ အတွက် အမွေ တွေပဲ။
ကျွန်မ အသက် ဒီအရွယ်ရောက်သည်အထိ ပညာရပ်တွေ တစ်ခုပြီးတစ်ခု သင်လာခဲ့တယ်။ ဘယ်လောက်ပဲ သင်ပြီးပါစေ။ ဖေဖေ့ ဆီက တတ်ထားသမျှ ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ လိုက်မမှီပါဘူး။
ကျွန်မထင်တယ်.....ကျွန်မ ဘယ်တော့မှ ဖေဖေ တတ်ထားသမျှကို မမှီဘူး၊ ဖေဖေဟာ ကျွန်မ အတွက် အမြဲ ကြီးကျယ်မြင့်မြတ်တဲ့ ပညာရှင်ပဲ။ဖေဖေ ချစ်တာတွေကို သိပြီး ၊ အားလုံးပြောကြတဲ့ မိဘမေတ္တာ အကြောင်းတွေ ကြားရတဲ့ အခါတိုင်း ကျွန်မလည်း သားသမီးမေတ္တာအကြောင်းပြောချင်လာတယ်။ဟုတ်ပါတယ်။
မိဘမှာလည်း မိဘ မေတ္တာရှိသလို သားသမီးမှာလဲ သားသမီးမေတ္တာ ဆိုတာ ရှိကြပါတယ်။
ဟုတ်တယ်ဖေဖေ။
မနက်မိုးလင်းလို့ ဖေဖေ နိုးရင် မျက်နှသစ်ဖို့ သွားပွတ်တံ ၊ တဘက်က အစ ဖေဖေ့ လက်ထဲပို့ပေးတာ ချစ်လို့ပါဖေဖေ။
ဖေဖေ မျက်နှာသစ်အပြီး စားဖို့ စားစရာ ၊ အလုပ်သွားဖို့ အိတ်က အစ ၊ အကုန်စီစဉ်ထားပေးတာ ဖေဖေ့  ကို ချစ်လို့ပေါ့ ဖေဖေ။
ဖေဖေ အလုပ်က ပြန်လာရင်ထမင်းစားဖို့ ထမင်း၊ ဟင်း ခူးခပ်ထားတာ ၊ ရေက အစ ဘေးနားမှာ ထားပေးတာ ချစ်လို့ပေါ့ဖေဖေ။ လက်သုတ်ပုဝါ ၊သွားကြားထိုးတံက အစ ၊ ဖေဖေတောင်းစရာ မလိုအောင်ဖေဖေ့ ဘေးနား မှာ ထားပေးတာဖေဖေ့ကိုချစ်လို့ပေါ့ဖေဖေ။
ဖေဖေ နေ့လည် စားဖို့ သွားရေစာ သစ်သီးက အစ သမီးကိုယ်တိုင် အခွံနွှာကျွေးတာ ချစ်လို့ပေါ့ဖေဖေ.။
ဖေဖေ အံ့သြ သွားတာ မဟုတ်လား၊ စပျစ်သီးတောင် အခွံ ကြည်ပါးပါးလေး ကို သမီး အခွံနွှာကျွေးတော့ လေ။ ဟုတ်တယ်ဖေဖေ ... အဲဒီ့လောက်ကို ဖေဖေ့ ကို ချစ်တာပါ။
ဖေဖေ့ ကို လက်သည်း၊ ခြေသည်း သမီးကိုယ်တိုင်ညှပ်ပေးရင်း စကားပြောနေရတဲ့ အရသာကို သမီး သိပ်သဘောကျတာ ။
ဖေဖေ့  မုတ်ဆိတ်မွှေးနှုတ်ပေးရင်း ပြုံးနေတဲ့ ဖေဖေ့ မျက်နှာကို ထိုင်ကြည့်ရင်း၊ ခဏ ခဏ ငုံ့ နမ်းနေတဲ့ သမီးကို ဖေဖေက ခေါင်းလေး ပွတ်ပေးနေရင် သမီးတော့ ပူပင်သောကဆိုတာ ရှိတယ်တောင်မထင်ခဲ့ပါဘူး ....။
ညဘက်မိသားစု ထမင်းဝိုင်းမှာ အလုပ်ထဲက အကြောင်းတွေ ၊ လူတွေ အကြောင်းတွေ ၊ အတွေ့ အကြုံတွေ တစ်နေ့တစ်မျိုးမရိုးရအောင် သမီးဒီအရွယ်ထိ နားထောင်လို့မကုန်အောင်ပြောပြတတ်တဲ့ဖေဖေ့ ကို ဘေးကနေ ရေက အစ၊ သွားကြာထိုးတံ ၊ လက်သုတ်ဝတ်အဆုံး ၊ အားလုံး ဖေဖေတောင်းစရာ မလိုအောင် အဆင့်ဖြစ်နေအောင်ထားပေးတာ ဖေဖေ့ ကို ချစ်လို့ပါဖေဖေ။ညအိပ်ရာဝင် အချိန်ကတော့ တစ်နေ့တာလုံးမှာ သမီး အပျော်ဆုံး အချိန်ပေါ့။
ဖေဖေ့ ကို နင်းပေးရတာ နှစ်နာရီကျော်ကြာလို့ အားလုံးကမေးကြတယ်။ " နင်ပဲ နင်းနိုင်တယ် ၊ မညောင်းဘူးလား"တဲ။့ သမီးကတော့ တွေးတယ် ၊ဖေဖေ မွေးကထဲက ပြုစုလာတာ ကို ဒီနှစ်နာရီကျော်လေးနဲ့ ဘယ်လိုလိုပ် နှိုင်းယှဉ်လို့ရမှာလဲလို့။ သူများကို ပိုက်ဆံနဲ့ နင်းခိုင်းနှိပ်ခိုင်းရင် ငွေယူပြီးစေတနာပါပါ လုပ်မပေးတဲ့ အတွက် သမီးကိုယ်တိုင်ညတိုင်းနင်း၊ နှိပ်ပေးတာ ဖေဖေ့ ကို ချစ်လို့ပေါ့ဖေဖေ။
ဖေဖေ ပြောပြတဲ့ အတွေ့ အကြုံတွေ ၊ ပုံပြင်တွေကို နားထောင်ရင်း နင်း ၊ နှိပ် ဆေးတိုက်ပြီးမှ ရှိခိုးတိုင်း ဖေဖေ ပြုံးနေတတ်တာ ၊ ဖေဖေ ကျေနပ်နေတတ်တာသမီး ပျော်တယ်ဖေဖေ။ အိပ်ယာဝင်ခါနီးတိုင်း ဖေဖေ့ ကို နမ်းရတာ သမီး အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပဲဖေဖေ။ သမီး နမ်းပြီး ဖေဖေ့ ကို ချစ်တယ်လို့ ပြောလိုက်ရတိုင်းသမီးရင်ထဲမှာ အဲဒီ့အချိန်တွေကို သိပ်မက်မောတာဖေဖေ။
ဖေဖေက အခု အသက် ( ၅၆) နှစ်ရောက်လာပြီနော်။ လူဆိုတာ သေမျိုးကြီးပဲမို့ တစ်ချိန်ချိန်မှာ ဖေဖေ နဲ့သမီးနဲ့ ကံရေစက်ကုန်ရင် ခွဲခွာရမယ်မှန်း သမီးသိပါတယ်ဖေဖေ။ အဲဒီ့ အချိန်ကို သမီးသိပ်ကြောက်တယ်။ ဒါပေမဲ့ အဲဒီ့ အချိန်ကို ရှိလာမယ်ဆိုတာ သိနေတဲ့ အတွက် အခု လက်ရှိအချိန်လေးတွေကို တန်ဖိုးထားရမှာ သမီးတာဝန်ပဲဖေဖေ။ ဖေဖေ့ ကို ချစ်လို့ကို မ၀ပါဘူးဖေဖေ။ ဖေဖေ့ ကို ဘာနဲ့ မှလဲ မလဲနိုင်သေးဘူးဖေဖေ။
ဒီ့အတွက် သမီး ဖေဖေ့ကို ချစ်ဖို့ အချိန်တွေ အများကြီးပေးနေပါနော်။
သမီး အခု ဖေဖေ နဲ့ အဝေးကြီးမှာ နေနေရတယ်........။
ဖေဖေ နဲ့ နီးရာကို ပြန်လာမယ့် တစ်နေ့အထိ ဖေဖေ ကျန်းမာစွာနဲ့ ရှိနေပါစေ လို့ အဝေးကနေ အမြဲ မေတ္တာပို့သရင်း ဖေဖေ့ ကို အရင်လိုပဲ ချစ်နေဆဲပါဖေဖေ။
ဒါဆိုရင် မိဘ မေတ္တာ ၊ မိဘမေတ္တာ နဲ့ ပြောပြောနေတဲ့ ဖေဖေတစ်ယောက် သားသမီး ရဲ့ ရင်ထဲမှာလဲ သားသမီး မေတ္တာ ရှိတယ်ဆိုတာ လက်ခံပေးတော့နော်။
ဖေဖေ့ ကို အရမ်းချစ်တယ်...............။

ဖေဖေ့ ရဲ့  ( ၅၆ ) နှစ်မြောက် မွေ့နေ့

www.taangland.ning.com မှ ကူးယူးသည်။ ရေးသူနာမည် သေသေချာချာ မသိသေး။

Wednesday, December 23, 2009

ဘဝဟာသစည်းမျဉ်း

Murphy's Lawsကို လူတိုင်းကြားဖူးကြပေမယ့် ဘယ်ကဘယ်လို စခဲ့တယ်ဆိုတာကိုတော့ သိသူနည်းကြပါတယ်။

Murphy's Laws ဆိုတာဘာလဲ? ဘယ်သူစထွင်ခဲ့တာလဲ? Murphy's Laws ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ?

Murphy's Laws ဆိုတာ လုပ်ခဲ့မိတဲ့အမှားထဲကနေ လူ့ဘဝရဲ့ အရာရာအဆင်မပြေတတ်မှုကို ရေးထားတဲ့ ဟာသစည်းမျဉ်းတွေပဲဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို Murphy's Lawsရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ "မှားနိုင်မယ့်အရာက မှားကိုမှားမှာပဲ" "Anything that can go wrong will go wrong." ဆိုတာကနေ ပြန့်ပွါးလာတာဖြစ်တယ်။

ရှေးယခင်ကတည်းက Murphy's Laws ကို အသုံးပြုသူတွေရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဥပမာ-

I never had a slice of bread,
Particularly large and wide,
That did not fall upon the floor,
And always on the buttered side.
(ပေါင်မုန့်အောက်ပြုတ်ကျတဲ့အချိန် ခရမ်ပါတဲ့ဖက်က အမြဲအောက်ရောက်နေတယ်။)

Murphy's Laws ဟာ (၁၉၄၉)ခုနှစ်မှာ စတင်ခဲ့ပြီး Edward A. Murphy (၁၉၁၇ ခုနှစ်တွင်မွေးဖွား) လို့ အမည်တွင်ခဲ့တယ်။ Murphy က Edward လေကြောင်းအခြေချစခန်းက အင်ဂျင်နီယာဖြစ်ပြီး လူတွေရဲ့ အလျှင်ခံနိုင်ရည်စွမ်းအားကို စမ်းသပ်စစ်ဆေးသူဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်တိုင်းကိရိယာကို အမြဲပြောင်းပြန်ထားတိုင်းတဲ့အတွက် Edward က အခုလို မှတ်ချက်ချလိုက်တာဖြစ်တယ်။

အဲဒီစကားဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သုံးသူတွေရှိခဲ့တာကြောင့် လူတွေကြားထဲ ပြန့်နှံ့သွားခဲ့တယ်။ နောက်ပိုင်း စည်းမျဉ်းအသစ်တွေ ထပ်တိုးခဲ့ပြီး (၁၉၅၈)ခုနှစ်မှာ Murphy's Laws ဆိုပြီး Webster's Dictionaryမှာ ဖော်ပြခံခဲ့ရတယ်။

Murphy ကိုယ်တိုင်က Murphy's Laws ကို ထုတ်ဖော်သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ အခုခေတ်မှာ Murphy's Lawsကို ပုံစံအမျိုးမျိုးနဲ့ အသေးစိတ် ခွဲထုတ်လိုက်တဲ့စည်းမျဉ်းတွေ အများကြီးရှိခဲ့ပါတယ်။ Murphy ကိုယ်တိုင်ကနေ မိသားစု၊ အလုပ်အကိုင်၊ အစိုးရ.. စတဲ့မတူတဲ့နယ်ပယ် အသီးသီးထိပြန့်နှံ့သွားခဲ့ပြီး လူတွေက သူတို့နဲ့သင့်လျော်လိုက်ဖက်တဲ့ Murphy's Laws ကို ကိုယ်တိုင်ထုတ်လာခဲ့ကြတာဖြစ်တယ်။

အောက်က Murphy's Laws တချို့ဖြစ်ပါတယ်။

Murphy's ဥပဒေ --- မှားနိုင်မယ်ထင်တဲ့အရာက မှားကိုမှားမှာပဲ။
Murphy's ဒဿန ---- ပြုံးပါ၊ ရယ်ပါ၊ မနက်ဖြန်ဟာ ဒီနေ့ထက် ကောင်းချင်မှကောင်းလိမ့်မယ်။
Murphy's အညွှန်း ---- ပစ္စည်းကောင်းတွေက တာရှည်အသုံးမခံဘူး။

အစ
အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပါ။
ဆိုးတဲ့အစက နောက်ဆုံးမှာ ပိုပိုဆိုးသွားတတ်တယ်။

လူ
ငွေကြေး အကျပ်အတည်းဖြစ်နေတဲ့ သူငယ်ချင်းကို သင်ကူညီလိုက်ရင် သင့်ကို သူသတိရနေလိမ့်မယ်။ (နောက်တစ်ခေါက် ငွေအကျပ်အတည်းဖြစ်တဲ့အချိန်မှာပါ)

ခေါင်းဆောင်
အမြင့်ဆုံးမှာနေတဲ့ လူတုံးလူအတစ်ယောက်ဟာ တောင်ထိပ်ပေါ်ရောက်နေတဲ့ လူတစ်ယောက်နဲ့တူတယ်။ အောက်ကလူတွေကို သူသေးသေးပဲ (အထင်သေး၊ အမြင်သေး) မြင်ရသလို အောက်ကလူတွေကလည်း သူ့ကို သေးသေးလေးပဲမြင်တယ်။

အသိဥာဏ်နဲ့ တုံးအ,ခြင်းကြား
လုပ်နိုင်သူ ---- လုပ်ခွင့်ပေးလိုက်ပါ။
မလုပ်နိုင်သူ ----- ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးလိုက်ပါ။
မလုပ်တတ်သူ ---- ဆုံးမလိုက်ပါ။

အချစ်
သင်တစ်ဇွတ်ထိုး ပေးပို့လိုက်တဲ့ ရည်းစားစာက ပေးပို့တဲ့ လိပ်စာအကွာအဝေးနဲ့အညီ သင့်နောင်တရချိန်က ရှည်လိမ့်မယ်။

စောရောက်ခြင်းနှင့် နောက်ကျရောက်ခြင်း
သင်စောစောရောက်တဲ့နေ့---- အစည်းအဝေးမလုပ်ဖြစ်ဘူး။
သင်အချိန်မှန်ရောက်တဲ့နေ့ ---- ခဏလောက်တော့ စောင့်ရဦးမယ်။
သင်နောက်ကျတဲ့နေ့----- သင် နောက်ကျပါပြီ။

အရည်အသွေး အာမခံမှု
ရက်(၆ဝ) အာမခံတဲ့ပစ္စည်းက (၆၁)ရက်ရောက်တာနဲ့ လုံးဝပျက်တယ်။

ပစ္စည်း
အသုံးမဝင်ဘဲ အချိန်အကြာကြီးသိမ်းထားတဲ့ ပစ္စည်းကိုပစ်ထုတ်လိုက်တယ်။
ပစ်ထုတ်ပြီးနောက် အဲဒီပစ္စည်းကို သင်အသုံးလိုလာတယ်။

ရှာဖွေ
ပစ္စည်းမပစ်ခင် နေရာအရင်ရွေးပါ။ ကိုယ်ပြန်ရှာရင် ထပ်တွေ့နိုင်မယ့် နေရာကိုရွေးပါ။
ဒါမှမဟုတ်ရင် အလိုမရှိတဲ့ပစ္စည်းတွေပဲ သင်ရှာတွေ့နေလိမ့်မယ်။

အကောင်းဆုံးအခန်း
သင်ပေါက်ပေါက်ထွက်ဝယ်တဲ့အချိန် ပိတ်ကားပေါ်မှာ အကောင်းဆုံးအခန်း ပြနေတဲ့အချိန်ဖြစ်တယ်။

တန်းစီ
သင်ဝင်စီမထားတဲ့ အခြားအတန်းက ပိုမြန်နေတယ်။
အဲဒီအတန်းထဲ သင်ပြောင်းစီရင် သင်ရပ်ခဲ့တဲ့အတန်းက ပိုမြန်နေတယ်။
အချိန်ကြာကြာ သင်ရပ်လေ သင့်ကိုယ်သင် ငါဒီအတန်းစီမိတာ မှားပြီလို့ ထင်လေလေပါပဲ။

အဖော်
လူမသိစေချင်တဲ့ အဖော်နဲ့ သင်အပြင်ထွက်တယ်။
လူတွေကို မတွေ့စေချင်လေလေ ရင်းနှီးတဲ့လူနဲ့ တိုးလေလေ။

ဆက်စပ်မှု
တစ်မိနစ်ဘယ်လောက်ကြာလဲ?
ဒါက သင်ဟာအိမ်သာထဲမှာ ထိုင်နေသူလား?
အိမ်သာအပြင်မှာ ရပ်စောင့်နေသူလားဆိုတာနဲ့ ဆက်စပ်ရလိမ့်မယ်။

ဖုန်းနံပါတ်အမှား
ဖုန်းနံပါတ်အမှား နှိပ်မိတိုင်း ဖုန်းကိုင်တဲ့လူ ရှိကိုရှိတယ်။

Murphy's Laws ကို ဆက်ဖတ်ချင်သူများ ဒီနေရာမှာ Top Ten Murphy's Laws ဖတ်နိုင်ပါတယ်။

မူရင်း--- google search (幽默的人生規則)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဗုဒ္ဓဘာသာ အကောင်းဆုံး၊ အမွန်မြတ်ဆုံးဆုရတာ သတင်းအမှား

အကျွန်ုပ်တို၏ မန္တလေး blog မှာ ကိုမန္တလာသားရေးထားတဲ့ဆောင်းပါးကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိ မူရင်းအတိုင်း ကူးယူဖေါ်ပြပေးလိုက်ပါတယ် အချိန်လေးများရမယ်ဆိုရင် အစအဆုံးဖတ်ကြည့်သင့်တဲ့ဆောင်းပါးလေးမို့ပါ။

ယမန်နေ့က တင်ပေးခဲ့တဲ့ ဗုဒ္ဓဘာသာ အကောင်းဆုံး၊ အမွန်မြတ်ဆုံးဆုရတယ်ဆိုတဲ့ သတင်းအပေါ်မှာ ဒီလိုသုံးသပ်ထားတာကို ဖတ်ရပါတယ်။

ဒါကြောင့် နှိုင်းယှဉ်လေ့လာနိုင်ရေး တင်ပြလိုက်ရပါတယ်။

ဟိုတလောက Facebook ပေါ်မှာကော Email ထဲမှာပါ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ပြန့်လွင့်လာပါတယ်။ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘာသာတရားပါဆိုတဲ့ ဆုကို ရရှိတယ်တဲ့။ အောက်မှာ မူရင်း သတင်းဆောင်းပါးကို ဖော်ပြထားပါတယ်။

Buddhism Wins Best Religion in the World Award
Linda Moulin | 15.07.2009 | 16:55
Tribune de Geneve

In advance of their annual Leading Figure award to a religious figure who has done the most to advance the cause of humanism and peace, the Geneva-based International Coalition for the Advancement of Religious and Spirituality (ICARUS) has chosen to bestow a special award this year on the Buddhist Community. "We typically prefer an under-the-radar approach for the organization, as we try to embody the spirit of modesty found in the greatest traditions," said ICARUS director Hans Groehlichen in a phone conference Monday. "But with organized religion increasingly used as a tool to separate and inflame rather than bring together, we felt we had to take the unusual step of creating a "Best Religion in the World" award and making a bit of a stir, to inspire other religious leaders to see what is possible when you practice compassion."

Groehlichen said the award was voted on by an international roundtable of more than 200 religious leaders from every part of the spiritual spectrum. "It was interesting to note that once we supplied the criteria, many religious leaders voted for Buddhism rather than their own religion," said Groehlichen. "Buddhists actually make up a tiny minority of our membership, so it was fascinating but quite exciting that they won."

Criteria included factors such as promoting personal and community peace, increasing compassion and a sense of connection, and encouraging preservation of the natural environment. Groehlichen continued "The biggest factor for us is that ICARUS was founded by spiritual and religious people to bring the concepts of non-violence to prominence in society. One of the key questions in our voting process was which religion actually practices non-violence."

When presenting the information to the voting members, ICARUS researched each of the 38 religions on the ballot extensively, offering background, philosophy, and the religions role in government and warfare. Jonna Hult, Director of Research for ICARUS said "It wasn't a surprise to me that Buddhism won Best Religion in the World, because we could find literally not one single instance of a war fought in the name of Buddhism, in contrast to every other religion that seems to keep a gun in the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These people practice what they preach to an extent we simply could not document with any other spiritual tradition."

At least one Catholic priest spoke out on behalf of Buddhism. Father Ted O'Shaughnessy said from Belfast, "As much as I love the Catholic Church, it has always bothered me to no end that we preach love in our scripture yet then claim to know God's will when it comes to killing other humans. For that reason, I did have to cast my vote for the Buddhists." And Muslim Cleric Tal Bin Wassad agreed from Pakistan via his translator. "While I am a devout Muslim, I can see how much anger and bloodshed is channeled into religious expression rather than dealt with on a personal level. The Buddhists have that figured out." Bin Wassad, the ICARUS voting member for Pakistan's Muslim community continued, "In fact, some of my best friends are Buddhist." And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love Judaism, and I think it's the greatest religion in the world. But to be honest, I've been practicing Vipassana meditation every day before minyan (daily Jewish prayer) since 1993. So I get it."

Groehlichen said that the plan was for the award to Buddhism for "Best Religion in the World" to be given to leaders from the various lineages in the Buddhist community. However, there was one snag. "Basically we can't find anyone to give it to," said Groehlichen in a followup call late Tuesday. "All the Buddhists we call keep saying they don't want the award." Groehlichen explained the strange behavior, saying "Basically they are all saying they are a philosophical tradition, not a religion. But that doesn't change the fact that with this award we acknowledge their philosophy of personal responsibility and personal transformation to be the best in the world and the most important for the challenges facing every individual and all living beings in the coming centuries."

When asked why the Burmese Buddhist community refused the award, Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful for the acknowledgement, but we give this award to all humanity, for Buddha nature lies within each of us." Groehlichen went on to say "We're going to keep calling around until we find a Buddhist who will accept it. We'll let you know when we do."

ကျွန်တော့်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်ပေမယ့် ကိန်းဂဏန်းတွေ အရ တွက်ကြည့်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာ ကိုးကွယ်သူ အများဆုံး (ခရစ်ယန် ၂.၁ ဘီလီယံ၊ မူစလင် ၁.၅ ဘီလီယံ၊ ဟိန်ဒူ ၉၀၀သန်း) သို့မဟုတ် ကိုးကွယ်သူနည်းပေမဲ့ လူသိများတဲ့ ဂျူး (Judaism) ပြီးမှ ပဉ္စမနေရာလောက်မှာ ရှိတဲ့ လူသိနည်း (ကိုးကွယ်သူ ၃၆၀သန်း) ဘာသာ တစ်ခု ဖြစ်ပါတယ်။

အနောက်တိုင်းမှာ စကားပြောကြရင် ဗုဒ္ဓဘာသာ အကြောင်း သိသူတွေလောက်ပဲ ကျွန်တော်တို့ ဘာသာကို စကားထဲ ထည့်ပြောပါတယ်။ ကျန်တဲ့ သာမန် လူတွေ အတွက်ကတော့ (အများစုပါ) ဘာသာတရား အကြောင်း ပြောရင် ခုနက လေးမျိုးကိုပဲ သိကြပါတယ်။ သာမန်လူတွေ အတွက် ဗုဒ္ဓဘာသာဟာ ခပ်လှန်းလှန်း ဒေသတစ်ခုက လူတစ်စု ကိုးကွယ်တဲ့ ထူးထူးဆန်းဆန်း ဘာသာတစ်မျိုးလို့ပဲ ထင်မြင်ကြပါတယ်။

ဒီသတင်းကို ကျွန်တော် မဖတ်ခင်ထဲက အဲဒီလို အခြေခံ သိထားတာရယ်... အီးမေးလ်ထဲ ပို့သမျှတွေ သိပ်မယုံတတ်တဲ့ စိတ်အခံရယ် ရှိတော့ ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ သံသယစိတ် ဝင်သွားတယ်။ ဖြစ်နိုင်ပါ့မလား။ ဒီလို ဆုပေးတာကို တစ်ခါမှလည်း မကြားဖူးဘူး။ တစ်ကယ် ပေးတယ်ဆိုရင်လည်း တစ်နှစ် တစ်ဘာသာ အလှည့်ကျပေးရုံပဲ လုပ်နိုင်မှာ... ဒါဆို ၄-၅နှစ် တစ်ကြိမ် ဆုပြန်ပြန် ရနေမှာလား။

ဖတ်ကြည့်တော့လဲ သိပ်ဘဝင်မကျဘူး။ ခရစ်ယန် ဘုန်းတော်ကြီးတစ်ပါးက ထောက်ခံတယ် ဆိုပါလား။ အင်း မဖြစ်နိုင်ဘူး။ မူစလင် ဘုန်းတော်ကြီး (ဆောရီး - ဘယ်လို ခေါ်ရမလဲ မသိလို့ပါ) တစ်ပါးကလည်း တယ်ကာင်းတယ် ဆိုပါလား။ တစ်ခုခုတော့ လွဲနေပြီ။ ကျွန်တော့်အမြင်မှာ ဗုဒ္ဓဘာသာဝင် ဆရာတော်ကြီးတစ်ပါးဟာ တခြားဘာသာကို မဲပေးဖို့ မဖြစ်နိုင်ဘူးလို့ ထင်သလို အလားတူ တခြားဘာသာဝင် ဘာသာရေးခေါင်းဆောင်တွေလည်း သူများဘာသာကို ကောင်းတယ်ဆိုပြီး ပြောလို့ဖြစ်မှာ မဟုတ်ဘူး။ သူ့ဒေသ ပြန်သွားရင် ရင်ဆိုင်ရမဲ့ ဝေဖန်မှုတွေ စဉ်းစားကြည့်လေ။ သူများဘာသာကို ဒီလောက် ယုံကြည်ရင် ဘာသာပြောင်းလိုက်ပါလား။

ဆုရွေးချယ်ပြီးတော့လည်း ဆုပေးဖို့ ဘယ်သူ့ကိုမှ ဖိတ်ခေါ်လို့ မရဘူးတဲ့။ မြန်မာပြည်က ဘုန်းကြီးဆိုပြီး ဘန္ဓေဂူရတ္တဟံတ ဆိုတာလည်း တစ်ခါမှ မကြားဖူးဘူး။ ဒီလိုဘွဲ့တောင် ရှိရဲ့လား မသိဘူး။

ဒါနဲ့ပဲ ကျွန်တော်လည်း မေ့ထားလိုက်ပါတယ်။ မိတ်ဆွေတစ်ယောက်နှစ်ယောက်ဆီ
တော့ ပို့ပေးလိုက်ပါသေးတယ်။ အခုတော့ Facebook ပေါ်မှာ ဒီကိစ္စကြီး ပြန်တက်လာပြီ ဆိုတော့ မနေနိုင်တော့လို့ နဲနဲ ရှာကြည့်လိုက်တော့ ဒီဆောင်းပါးဟာ အတုပါဆိုပြီး ထောက်ပြထားတဲ့ စာမျက်နှာတွေ အများကြီး တွေ့ပါတယ်။

ကောက်နှုတ်ပြောရရင်တော့
1) ICARUS ဆိုတာ ဂရိဘာသာမှာ နေနဲ့ အရမ်းနီးတဲ့အထိ ပြန်သွားတဲ့ နတ်ဘုရားတစ်ပါး။ အပြင်မှာ ဒီနာမည်နဲ့ ရပ်တည်တဲ့ အဖွဲ့အစည်း ဝက်ဘ်ဆိုက်၊ ဘလော့ဂ်၊ သတင်းတစ်ခုခု (ဒီဆုပေးတဲ့ ကိစ္စက လွဲ၍) ရှာမတွေ့ပါဘူး။ ICARUS ဆိုတာ မရှိပါ။ ICARUS အကြီးအကဲ Hans Groehlichen ဆိုတာလည်း မရှိပါ။

2) The Onion (နောက်ပြောင်လေ့ ရှိတဲ့ ဟာသ သတင်းအဖွဲ့) ရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်၊ မဟုတ်လည်း တစ်ယောက်ယောက်တော့ လက်ဆော့လိုက်ပြီလို့ ထင်မြင် ယူဆကြပါတယ်။

3) ဖော်ပြထားတဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း (မြန်မာဘုန်းကြီးအပါအဝင်) အပြင်မှာ မရှိပါ။ ရှာမတွေ့ပါ။

4) ဒီသတင်းကို မူလဖော်ပြခဲ့ပါတယ် ဆိုတဲ့ Tribue de Geneve ဆိုတာကလည်း ပြင်သစ်ဘာသာနဲ့ သတင်းစာ။ အင်္ဂလိပ်လို မဟုတ်။ အဲဒီသတင်းစာဆိုက်မှာ ပြင်သစ်လိုကော အင်္ဂလိပ်လိုကော ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှ မရှိပါ။

အဲဒီတော့ ကျွန်တော် တစ်ခုပဲ အကြံပေးနိုင်တာကတော့ ဒီသတင်းကို ကြားကြားရချင်း (ယုံမိခဲ့ရင်) ပီတိဖြစ်ခဲ့တဲ့ စိတ်အခံလေးကိုပဲ ယူပြီး ကျန်တာတွေ မေ့ထားလိုက်။ ဆုရတာတွေ၊ နောက်ပြောင်ခံရတာတွေ စဉ်းစားနေရင် လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်စေပါမယ်။ ဒါတွေ မေ့ထားလိုက်ပြီး ကိုယ့်စိတ်နဲ့ကိုယ် အေးချမ်းအောင်သာ ဆက်နေကြပါလို့ တိုက်တွန်းပါတယ်။

ဒီစာလေးကို တင်ဖြစ်ရတာကတော့...
၁) မူရင်းသတင်းကို ဖတ်ကြားစဉ်က ယုံကြည်မိတဲ့သူတွေ စိတ်ပျက်သွားအောင် လုံးဝမရည်ရွယ်ပါ။
၂) ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ပါလာပြီး သတင်းစာထဲ ရောက်။ နောက်ကျတော့ လူကြီးတွေ၊ ချမ်းသာတဲ့ ဒါယကာတွေဆီ ရောက်ပြီး ဆရာတော်ကြီးတွေကို သွားလျှောက်ထားပြီး ဂျီနီဗာကို လွှတ်ဖို့ လုပ်နေမှာ စိုးလို့ ကာကွယ်တဲ့ ရည်ရွယ်ချက်ပါ။
၃) ဒီကိစ္စဟာ နောက်ပြောင်တာ ဖြစ်ခဲ့ရင် နောက်ပြောင်သူတွေဟာ ဘယ်ဘာသာဝင်မှ မဟုတ်နိုင်ပဲ ဘာသာမဲ့ လူတစ်စုလို့ပဲ သဘော ထားပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။
၎) တစ်ကယ် စစ်မှန်တဲ့ သတင်းပါဆိုရင်လည်း အထောက်အထားလေးတွေ ရှာဖွေပေးပြီး အားလုံး သာဓုခေါ်နိုင်အောင် ပြုစုတင်ပြပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦး

မဟာချက်ကရီသီရီဒုံ


သူမ၏ ငယ်မည်မှာ‘‘ ဖရာသေး‘‘ ဖြစ်သည်။ ဖရာသေး ဟူသည် ‘‘နတ်သမီးလေး‘‘ဟု အဓိပ္ပါယ်ရသည်။ ငယ်စဉ်က အလွန်ဆော့လွန်း သောကြောင့် ချစ်စနိုးလေးဖြင့် ‘‘ဟာရီကိန်း‘‘ဟူ၍လည်း ခေါ်ကြသေးသည်။ သို့သော် ယခုအခါတွင်း‘‘ ပညာရှိ မင်းသမီးလေး‘‘ဟူ၍သာ ခေါ်ဝေါ်ကြလေသည်။ သူသည်ကား အခြားသူ မဟုတ်၊ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်း၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံယူရရှိထားသည့် ‘‘မဟာချက်ကရီသီရီဒုံ‘‘ ပင် ဖြစ်သည်။
မင်းသမီးသီရီဒုံသည် ထိုင်းဘုရင်းမင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) နှင့် မိဖုရားကြီး သီရီခေတ် တို့၏၊ တတိယမြောက် သမီးတော် ဖြစ်ပြီး၊ ၁၉၅၅-ခုနစ်၊ ဧပြီလ ၂-ရက်နေ့တွင်၊ ဘုရင့်နန်းတော်၌ ဖွားမြင်ခဲ့သည်။ ၁၉၅၈-ခုနစ်တွင် ချီထရာလာဒါကျောင်း၌ စတင်ပညာသင်ယူခဲ့ပြီး၊ ၁၉၇၂-ခုနစ်တွင် တစ်နိုင်ငံလုံး၌ ဝိဇ္ဇာဘာသာ ရပ်ဖြင့် အောင်မြင်သူများအနက် ပထမကိုရရှိခဲ့လေသည်။ ၁၉၇၃-ခနစ်မှ၊ ၁၉၇၆-ခုနစ်အထိ ချူလာလောင်ကွန် တက္ကသိုလ် ဝိဇ္ဇာဌာနတွင်၊ ဆက်လက်ပညာသင်ကြားခဲ့ရာ၊ သမိုင်းဘာသာ ဂုဏ်ထူးတန်းတွင် မထမအဆင့်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။ ပညာသင်နစ် လေးနစ်စလုံးတွင် အတော်ဆုံးကျောင်းသူ ဖြစ်သဖြင့်၊ ရွှေတံဆိပ်ဆု ကို ရရှိခဲ့လေသည်။ ပညာထူးချွန်မူကြောင့် ပညာသင်ဆုကိုလည်း သုံးနစ်ဆက်တိုက်ရရှိခဲ့သည်၊ တက္ကသိုလ် ပထမနစ် အပြီးတွင်လည်း ပြင်သစ်ဘာသာရပ်၌ ပထမဆုကို ဆွတ်ခူးခဲ့ပြန်သည်။

ထိုနောက် သီရိဒုံသည်၊ ဆောလ်ပါကွန်း တက္ကသိုလ်မှ အရှေ့တိုင်း ကမ္ဗည်းကျောက်စာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့နှင့်၊ ချူလာလောင်ကွန်တက္ကသိုလ်မှ အရှေ့တိုင်းဘာသာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၁-ခုနစ်မှစ၍ စရီနာခရာရင် ဝီရက်တက္ကသိုလ်တွင် ပညာရေးဖွဲ့ဖြိုးမှူ ဘာသာရပ်များကို ဆက်လက် လေ့လာခဲ့ပြန်သည်။ မဟီဒိုးတက္ကသိုလ်၊ ကာဆက်ဆတ်တက္ကသိုလ်၊ ဘရင်မွန်ကယ်စက်မှူတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်၊ ရမ်ခမ်ဂဟန်းတက္ကသိုလ်၊ ပက်ပါဒိုးတက္ကသိုလ်၊ ဆုကာထုံးသာမတ်သီရတ်တက္ကသိုလ် နှင့် ချူလာလောင်ကွန်တက္ကသိုလ်တို့က၊ သမီးတော် သီရီဒုံးအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၁၁)ခုကို ချီးမြှင့် ခဲ့သည်။ သီရီဒုံမင်းသမီးသည် သပ္ပံစာပေ ရာဇဝင်သမိုင်း ပန်းချီအနုပညာနှင့် ဂီတတို့တွင် ဝါသနာထုံ၍ လေ့လာ လိုက်စားသည်။ မင်းသမီးသီရီဒုံသည်‘‘ထိုင်းနိုင်ငံ ရှေ့နေများကောင်းစီ‘‘နှင့်‘‘ယိုဒယား ဗိသုကာ အသင်း‘‘တို့တွင် ဂုဏ် ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သမီးတော်သည် အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ အစ္စရေး၊ အီရန်၊ နယ်သာလန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံများသို့ အနှံအပြားသွားရောက် လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံသို့ ၁၉၈၆-ခု မတ်လ ၂၁-ရက်မှ ၃၁-ရက်နေ့အထိ လာရောက်လည်ပတ်ဖူးလေသည်။ သီရိဒုံသည် ထိုင်း ကိုးရီးယားနှိင်ငံနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဘွဲ့ထူးဂုဏ်ထူးဆောင် ကိုးခုကိုရရှိခဲ့သည်။
သမီးတော် မဟာချက်ကရီသီရိဒုံသည် ထိုင်းကြက်ခြေနီအသင်း အမှူဆောင်အဖွဲ့၌ ဒုတိယဥက္ကဋ္ဌ၊ ဆိုင်ဂျိုင်း ထိုင်းဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ ဒုတိယမြှောက်ရာမဘုရင်း အထိမ်းအမှတ်ဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ မြဘုရား ကျောင်းတော်နှင့် မဟာနန်းတော်မွန်းမံထိန်းသိမ်းရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ နှင့် ချူလာလောင်ကွန် ဘုရင့် စက်မှူ တက္ကသိုလ် ဥပဒေ နှင့် လူမှူရေးသိပ္ပံဌာန ကထိကလည်းဖြစ်လေသည်။ သီရိဒုံသည် ထိုင်းဘုရင့် ကြည်း တပ်မ တော်တွင် ဂုဏ်ထူးဆောင် ဒုတိယဗိုလ်မှူးကြီးနှင့်၊ ထိုင်းဘုရင့် လေတပ်နှင့် ရေတပ်တွင် ဂုဏ်ထူးဆောင် ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်လေသည်။
မင်းသမီးသီရိဒုံသည် အားလပ်ချိန်များတွင် သုတေသနနှင့် ကျောင်းတွင်းဖွဲ့ဖြိုးရေးပြုလုပ်ခြင်း၊ သီးချင်းဆိုခြင်း၊ ထိုင်းတူရိယာတီးမှူတ်ခြင်း၊ စာပေရေးသားခြင်း၊ ကဗျာစပ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့်၊ ပန်းပုထုခြင်းတို့ကို ပြု လုပ်လေ့ရှိသည်။
မင်းသမီး ဖရာသေး ခေါ် မဟာချက်ကရီသီရိဒုံသည် ယခုအခါတွင် သက်တော် ၅၄- နစ်ရှိပြီ ဖြစ်ပြီး၊ ထိုင်းပြည်သူပြည်သားတို့၏ မေတ္တာကို အထူးတလေရရှိကာ ဘုရင့်သားတော် သမီးတော်များထည့်တွင် လူချစ်လူခင်အပေါဆုံး မင်းသမီးတစ်ပါး အဖြစ်ဖြင့် ထင်ပေါကျော်ကြားလျှက်ရှိပါသည်။

Posted by ရွာဦးကျောင်း ဆရာတော် at 12:49 PM 0 comments

Tuesday, December 22, 2009

Lumbhini

သာသနာရေးရာ သိမှတ်စရာ အဖြာဖြာ။

The Light Of the Buddha

သူတို့လည်း သူတို့စွမ်းနိုင်တဲ့ဘက်က သာသနာအတွက် ပြုလုပ်သွားတာပဲ။

မိဘမလွန်ခင် သိစေချင်

သားသမီးတွေကတော့ ကြီးလာပါပြီး။ မိဘ သားသမီး မေတ္တာအပြန်အလှန်မရတတ်တဲ့မိသားစုမှာ သားသမီးဘက်မှ အထင်အမြင်လွဲမှုကို ဤ ဖြစ်ရပ်က မိဘတို့၏ ခံစားချက်ကို တင်ပြနေပါတယ်။ သား ငယ်စဉ်အရွယ်က မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါ အကြိမ်ပေါင်းမေးပေမဲ့ စိတ်ရှည်စွာ အဖေက ဖြေကြားခဲ့ပါတယ်။ သားကကြီးလာတော့ အဖေက ၃ ကြိမ် ၄ ကြိမ် မေးပြီးတာနဲ့ သား၏ငေါက်ငမ်းမှုကို အဖေခံခဲ့ရပါတယ်။ အဲမှာ အဖေက ဒိုင်ယာရီနဲ့ မှတ်ထားတဲ့ ငယ်စဉ်က ဖြစ်ပျက်ကို သားအားပြပြီး သားကဖတ်ကြည့်ပြီးတော့မှပဲ သူ၏အမှားကို သိလာရပါတော့တယ်။ မကြုံဖူးသေးသူများလည်း ကြိုတင်သတိထားတတ်ဖို့နဲ့ ကြုံခဲ့ရသူများလည်း မိဘတို့၏မေတ္တာကို ပြန်လည်း မြင်တတ်စေဖို့ ရည်ရွယ်ပြီး တင်ပြပါတယ်။

'ဒါကတော့ အောင်နိုင်လင်း လက်ရာပါ'

Tuesday, December 8, 2009


25 - 10 - 2009 တွင် LCTC သင်တန်းကျောင်းမှ သင်တန်းဆင်းပွဲ ပြုလုပ်ကြသည်။ သင်တန်းဆင်းပွဲပြီးသည်နှင့် ကွန်ပျူတာကျောင်းသားများမှ လာမည့် ၀မ်းဖော့ - ဘုရင်မွေ့နေ့တွင် အလုပ်အားလပ်နေ၍ လေ့လာရေးခရီးထွက်ရန် ကြိုတင် ညှိနှိုင်းကြသည်။




သူတို့လေးတွေနဲ့ အမှတ်တရပါ။










Thursday, December 3, 2009

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

ဖြူးဆရာတော်ဘ၀နတ်ထံပျံလွန်တော်မူ

Tuesday, November 10, 2009

လေ့လာစရာ အဖြာဖြာ







ကျေးဇူးတော်ရှင် ယောဆရာတော် တရားစာအုပ်မှ -

Yaw Sayadaw Pen         
        
        
        
        
        
        
        
        
        
        
        
                        
   

Sunday, November 8, 2009

တအာင်းစကားပုံမှ -


ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏သြ၀ါဒများကို မတင်ပြဖြစ်မီ ငဲက်ုရ်ကံပ် တအာင်း (တအာင်းစကားပုံ) မှတ်စုမှ ကဗျာပြီမ်၊ ဒါ့်ပျြံင်ငါမ် အပိုင်းကို ရွေးနှုတ်၍ တင်ပြပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမမှတဆင့် ရှေးဆရာတော်ကြီးများ၏ ရေးသားသီးကုံးထားမှုကို မှီငြမ်းသည်များလည်း ပါသည်။


ပိင်ငျာ ခိုည်မည်နာ

က်ုန်နံပ်ပိင်ငျာ ၊ ခိုည်မည်နာ
ဂံမ်ဟာ ဆ်ုန်တောည် ၊ က်ုန်တောည် လီပ်ဆေဆေ။
(တာဘိုန်-အာရာမ်)
ဆိုလိုချက်ကား - အကြင်သူသည် ပညာရှင်ဖြစ်လျှင် သံမှိုနှင့်တူ၏။ သံမှိုသည် မည်သည့်နေရာတွင် ရိုက်ရိုက်။ ရိုက်လျှင် ၀င်စမြဲ။ (တနည်း) သံမှိုသည် မိမိရိုက်လိုသည့်နေရာကို ထားပါ။ ရိုက်လျှင် ၀င်စမြဲ။
(အာရာမ်ဆရာတော်၊ နမ့်ဆန်)

တွံန်ဆူ ဖြာဂဲ၊ တံမ်ငဲ အွည်ပါ

ကာန် အကုဆို၊ လို ဓဲ; မည်ညာ
ကာန်မျြံတ် ကုဆို၊ လိုဇူ အယ်ဒါ
အူန်ဖိုမ် အယ်ဘ္လော, ၊ လောတ် နီဝရဏာ
တွံန်ဆူ ဖြာဂဲ ၊ တံမ်ငဲ အွည်ပါ
မျြံတ်ဗုဒ္ဓ ၊ ဆုင်မ သာသနာ။
(စ၀်ဒါင် နန္ဒော-အိုမ်မကော,)
ဆိုလိုချက်ကား- အကုသိုလ်တရားမှန်သမျှ မပြုပါနဲ့။ ရှောင်ပါ။
မြတ်သောကုသိုလ်တရားကို ကျင့်သုံးပါ။ လိုက်နာပါ။
မိမိတို့စိတ်ကို ဖြူစင်အောင် ထားပါ။ သို့မှသာ နီဝရဏတရားများမှ လွတ်မြောက်နိုင်မယ်။
ဤ မှာတမ်းစကားသုံးပါးသည် အဆူဆူတိုင်းသော ဘုရားရှင်များ၏ အဆုံးအမ သာသနာပင် ဖြစ်၏။
(အိုမ်မကော,ဆရာတော် ၊ နမ့်ဆန်)

ကာမ်

အရေတွံန်နဲ ၊ ရီန်အယ်ဘဲ
မည်နဲ တကုဆို ၊ ရီန် အူဇို။
စ၀်ဒါင် ရူဓါ;
ဆိုလိုချက်ကား - ကြုံတွေ့လာရမဲ့ အရေအကြောင်းများကို ကျော်လွှားဖို့ ကြိုးစားတဲ့အချိန်ခါမှာ ကံကိုချည်းသာ ပုံမချစေချင်ပါ။ ၀ီရိယတရားဖြင့်လည်း တသက်လုံး ကြိုးစားအသုံးချဖို့ လိုအပ်ပါတယ်။
ရွှေလက်ဝါး ဆရာတော်

ပါရမီ

ဟိုင် ဆာဆနာ ၊ ယာမ် က်ုရ်ငျာ ၊ ကျိုဂျာ ပါရမီ။
(စ၀်သုခ-ရူခ်ုရ်)
ဆိုလိုချက်ကား- ယခုခေတ်ခါ သာသနာတော် စည်းကားပြန့်ပွားနေချိန်နှင့် ကြုံကြိုက်၍ ပါရမီရှိအောင် ကြိုးစားအားထုတ်ပါ။
(ရူခ်ုရ်ဆရာတော်-နမ့်ဆန်)

ကာလာ အောဒါ;

က်ုန်ရ်ုရ်လှိုဝ်အီ ၊ တွံန် နာရီ
ထီဂါရ် ဆာင်ပီ ၊ ပဲန် ဟာမီ ယာ့်။
မည်ခီ အူဇို ၊ ကာမ် ကုဆို ကျ
လာ်; ဓ ဇူမီ ၊ တွံန် ဆငီ ယာ့်။
(စ၀်သုမေဓာ-ယာန်ဂုင်)

ငါ့ဗေဒင်ကဟောသည်

ဆိုလိုချက်ကား- နာရီ နာရီတိုင်း သူများထက် အလုပ် ပိုလုပ်ခဲ့လျှင်
ရွှေထီး ငွေထီး အောင်တံခွန် ကုက္ကား တို့ကား သင့် ကိုယ်ပိုင်ဥစ္စာ ချည်းပါ။
တသက်လုံး ပူပင်စရာ မလို။ ကောင်းသော ကံအကျိုးတရားတို့သည် သင့်ထံ နေ့တိုင်း ရောက်လာလိမ့်မည်။
(နမ့်ဆန်ကျောင်းဆရာတော် ဦးသုမေဓာ၊ စမ်းချောင်း၊ ရန်ကုန်)

Monday, October 12, 2009

မေတ္တာရှင် ဆရာတော်

အတုယူစရာလုပ်ရပ်များ


ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

တင်ပြပြီးတာတွေ

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers