နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Wednesday, December 23, 2009

ဘဝဟာသစည်းမျဉ်း

Murphy's Lawsကို လူတိုင်းကြားဖူးကြပေမယ့် ဘယ်ကဘယ်လို စခဲ့တယ်ဆိုတာကိုတော့ သိသူနည်းကြပါတယ်။

Murphy's Laws ဆိုတာဘာလဲ? ဘယ်သူစထွင်ခဲ့တာလဲ? Murphy's Laws ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ?

Murphy's Laws ဆိုတာ လုပ်ခဲ့မိတဲ့အမှားထဲကနေ လူ့ဘဝရဲ့ အရာရာအဆင်မပြေတတ်မှုကို ရေးထားတဲ့ ဟာသစည်းမျဉ်းတွေပဲဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို Murphy's Lawsရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ "မှားနိုင်မယ့်အရာက မှားကိုမှားမှာပဲ" "Anything that can go wrong will go wrong." ဆိုတာကနေ ပြန့်ပွါးလာတာဖြစ်တယ်။

ရှေးယခင်ကတည်းက Murphy's Laws ကို အသုံးပြုသူတွေရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဥပမာ-

I never had a slice of bread,
Particularly large and wide,
That did not fall upon the floor,
And always on the buttered side.
(ပေါင်မုန့်အောက်ပြုတ်ကျတဲ့အချိန် ခရမ်ပါတဲ့ဖက်က အမြဲအောက်ရောက်နေတယ်။)

Murphy's Laws ဟာ (၁၉၄၉)ခုနှစ်မှာ စတင်ခဲ့ပြီး Edward A. Murphy (၁၉၁၇ ခုနှစ်တွင်မွေးဖွား) လို့ အမည်တွင်ခဲ့တယ်။ Murphy က Edward လေကြောင်းအခြေချစခန်းက အင်ဂျင်နီယာဖြစ်ပြီး လူတွေရဲ့ အလျှင်ခံနိုင်ရည်စွမ်းအားကို စမ်းသပ်စစ်ဆေးသူဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်တိုင်းကိရိယာကို အမြဲပြောင်းပြန်ထားတိုင်းတဲ့အတွက် Edward က အခုလို မှတ်ချက်ချလိုက်တာဖြစ်တယ်။

အဲဒီစကားဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သုံးသူတွေရှိခဲ့တာကြောင့် လူတွေကြားထဲ ပြန့်နှံ့သွားခဲ့တယ်။ နောက်ပိုင်း စည်းမျဉ်းအသစ်တွေ ထပ်တိုးခဲ့ပြီး (၁၉၅၈)ခုနှစ်မှာ Murphy's Laws ဆိုပြီး Webster's Dictionaryမှာ ဖော်ပြခံခဲ့ရတယ်။

Murphy ကိုယ်တိုင်က Murphy's Laws ကို ထုတ်ဖော်သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ အခုခေတ်မှာ Murphy's Lawsကို ပုံစံအမျိုးမျိုးနဲ့ အသေးစိတ် ခွဲထုတ်လိုက်တဲ့စည်းမျဉ်းတွေ အများကြီးရှိခဲ့ပါတယ်။ Murphy ကိုယ်တိုင်ကနေ မိသားစု၊ အလုပ်အကိုင်၊ အစိုးရ.. စတဲ့မတူတဲ့နယ်ပယ် အသီးသီးထိပြန့်နှံ့သွားခဲ့ပြီး လူတွေက သူတို့နဲ့သင့်လျော်လိုက်ဖက်တဲ့ Murphy's Laws ကို ကိုယ်တိုင်ထုတ်လာခဲ့ကြတာဖြစ်တယ်။

အောက်က Murphy's Laws တချို့ဖြစ်ပါတယ်။

Murphy's ဥပဒေ --- မှားနိုင်မယ်ထင်တဲ့အရာက မှားကိုမှားမှာပဲ။
Murphy's ဒဿန ---- ပြုံးပါ၊ ရယ်ပါ၊ မနက်ဖြန်ဟာ ဒီနေ့ထက် ကောင်းချင်မှကောင်းလိမ့်မယ်။
Murphy's အညွှန်း ---- ပစ္စည်းကောင်းတွေက တာရှည်အသုံးမခံဘူး။

အစ
အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပါ။
ဆိုးတဲ့အစက နောက်ဆုံးမှာ ပိုပိုဆိုးသွားတတ်တယ်။

လူ
ငွေကြေး အကျပ်အတည်းဖြစ်နေတဲ့ သူငယ်ချင်းကို သင်ကူညီလိုက်ရင် သင့်ကို သူသတိရနေလိမ့်မယ်။ (နောက်တစ်ခေါက် ငွေအကျပ်အတည်းဖြစ်တဲ့အချိန်မှာပါ)

ခေါင်းဆောင်
အမြင့်ဆုံးမှာနေတဲ့ လူတုံးလူအတစ်ယောက်ဟာ တောင်ထိပ်ပေါ်ရောက်နေတဲ့ လူတစ်ယောက်နဲ့တူတယ်။ အောက်ကလူတွေကို သူသေးသေးပဲ (အထင်သေး၊ အမြင်သေး) မြင်ရသလို အောက်ကလူတွေကလည်း သူ့ကို သေးသေးလေးပဲမြင်တယ်။

အသိဥာဏ်နဲ့ တုံးအ,ခြင်းကြား
လုပ်နိုင်သူ ---- လုပ်ခွင့်ပေးလိုက်ပါ။
မလုပ်နိုင်သူ ----- ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးလိုက်ပါ။
မလုပ်တတ်သူ ---- ဆုံးမလိုက်ပါ။

အချစ်
သင်တစ်ဇွတ်ထိုး ပေးပို့လိုက်တဲ့ ရည်းစားစာက ပေးပို့တဲ့ လိပ်စာအကွာအဝေးနဲ့အညီ သင့်နောင်တရချိန်က ရှည်လိမ့်မယ်။

စောရောက်ခြင်းနှင့် နောက်ကျရောက်ခြင်း
သင်စောစောရောက်တဲ့နေ့---- အစည်းအဝေးမလုပ်ဖြစ်ဘူး။
သင်အချိန်မှန်ရောက်တဲ့နေ့ ---- ခဏလောက်တော့ စောင့်ရဦးမယ်။
သင်နောက်ကျတဲ့နေ့----- သင် နောက်ကျပါပြီ။

အရည်အသွေး အာမခံမှု
ရက်(၆ဝ) အာမခံတဲ့ပစ္စည်းက (၆၁)ရက်ရောက်တာနဲ့ လုံးဝပျက်တယ်။

ပစ္စည်း
အသုံးမဝင်ဘဲ အချိန်အကြာကြီးသိမ်းထားတဲ့ ပစ္စည်းကိုပစ်ထုတ်လိုက်တယ်။
ပစ်ထုတ်ပြီးနောက် အဲဒီပစ္စည်းကို သင်အသုံးလိုလာတယ်။

ရှာဖွေ
ပစ္စည်းမပစ်ခင် နေရာအရင်ရွေးပါ။ ကိုယ်ပြန်ရှာရင် ထပ်တွေ့နိုင်မယ့် နေရာကိုရွေးပါ။
ဒါမှမဟုတ်ရင် အလိုမရှိတဲ့ပစ္စည်းတွေပဲ သင်ရှာတွေ့နေလိမ့်မယ်။

အကောင်းဆုံးအခန်း
သင်ပေါက်ပေါက်ထွက်ဝယ်တဲ့အချိန် ပိတ်ကားပေါ်မှာ အကောင်းဆုံးအခန်း ပြနေတဲ့အချိန်ဖြစ်တယ်။

တန်းစီ
သင်ဝင်စီမထားတဲ့ အခြားအတန်းက ပိုမြန်နေတယ်။
အဲဒီအတန်းထဲ သင်ပြောင်းစီရင် သင်ရပ်ခဲ့တဲ့အတန်းက ပိုမြန်နေတယ်။
အချိန်ကြာကြာ သင်ရပ်လေ သင့်ကိုယ်သင် ငါဒီအတန်းစီမိတာ မှားပြီလို့ ထင်လေလေပါပဲ။

အဖော်
လူမသိစေချင်တဲ့ အဖော်နဲ့ သင်အပြင်ထွက်တယ်။
လူတွေကို မတွေ့စေချင်လေလေ ရင်းနှီးတဲ့လူနဲ့ တိုးလေလေ။

ဆက်စပ်မှု
တစ်မိနစ်ဘယ်လောက်ကြာလဲ?
ဒါက သင်ဟာအိမ်သာထဲမှာ ထိုင်နေသူလား?
အိမ်သာအပြင်မှာ ရပ်စောင့်နေသူလားဆိုတာနဲ့ ဆက်စပ်ရလိမ့်မယ်။

ဖုန်းနံပါတ်အမှား
ဖုန်းနံပါတ်အမှား နှိပ်မိတိုင်း ဖုန်းကိုင်တဲ့လူ ရှိကိုရှိတယ်။

Murphy's Laws ကို ဆက်ဖတ်ချင်သူများ ဒီနေရာမှာ Top Ten Murphy's Laws ဖတ်နိုင်ပါတယ်။

မူရင်း--- google search (幽默的人生規則)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers