နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Friday, December 25, 2009

သားသမီး မေတ္တာ လည်း ဖော်ပြသင့်သည်မဟုတ်ပါလော

မိဘ မေတ္တာ ၊ မိဘ မေတ္တာ နဲ့ ပဲ ကြားနေရတာ...........သားသမီး မေတ္တာဆိုတာ သိပ်ကြားရလေ့ မရှိပါဘူး။ အဲဒီ့ အတွက် ကျွန်မစိတ်မကောင်းပါဘူး။ ဘာလို့ လဲ ဆိုတော့  မိဘတွေ သားသမီးတွေ အပေါ်မေတ္တာ ထားသလို ကျွန်မတို့ သားသမီးတွေ အပေါ်ကလဲ မိဘတွေ အပေါ် မေတ္တာထားကြတာ ရှိကြပါတယ်........။အဲဒါတွေကျတော့ ဘာလို့  လူတွေ သိပ်မသိကြတာလဲ လို့
ကျွန်မ တွေးမိတယ်။ တကယ်တော့ သားသမီးတွေ လဲ မိဘ တွေ အပေါ် မှာ သူ တို့ တို့ ထားတဲ့ မေတ္တာ တရားကို မမှီရင်တောင် နီးပါးတူညီနိုင်တဲ့ မေတ္တာ တရားတွေ ရှိနေတတ်ကြပါတယ်.
ကျွန်မကတော့ ကမ္ဘာပေါ်မှာ အချစ်ဆုံးက ဖေဖေလေ။ ကျွန်မ ဖေဖေ့ ကို သိပ်ချစ်တာ ဖေဖေ ကလဲ သိတယ်။ မေမေကလဲ လက်ခံတယ်။ မေမေ့ ကို ချစ်ရတာ လမင်းပေါ်မှာ အိပ်ရတာနဲ့ တူပြီး ၊ ဖေဖေ့ ကို ချစ်ရတာ တော့ နေမင်း ပေါ်မှာ အိပ်ရတာနဲ့ တူတယ်။ ဖေဖေ နဲ့ မေမေ ဟာ ကျွန်မ ကမ္ဘာ အတွက်တော့ ပြီးပြည့်စုံ တဲ့  လတစ်စင်း နဲ့  နေတစ်စင်းပဲ။ အများအားဖြင့်တော့ ယောက်က်ျားသားလေးတွေက မိခင်ကို ပိုတွယ်တာကြပြီး မိန်းမသားတွေကတော့ ဖခင်ကို ပိုတွယ်တာကြတယ်။ ဒါကြောင့်ထင်တယ်..........။ ကျွန်မက ၀မ်းနဲ့ လွယ်မွေးထားတဲ့ မေမေ့ ထက် ဖေဖေ့ကို ပိုချစ်တယ်လို့ ပြောတိုင်း စိတ်တော့ သိပ်မလုံလှဘူး။ မေမေ့ ရဲ့ မေတ္တာတရားနဲ့ ကျေးဇူးက ဘယ်အရာ နဲ့ မှ ထပ်တူမညီနိုင်တာ နားလည်သိတတ်နေတာတောင် ကျွန်မစိတ်ကတော့ ဖေဖေ့ ကို ချစ်တယ်လို့ထပ်ခါ ထပ်ခါ ပြောရင်း မေမေ့ကို လည်းချစ်နေတတ်တယ်။ ဖေဖေ့ ကို ဘာလို့ ချစ်လဲ လို့ မေးရင် ကျွန်မ ငယ်စဉ်ကထဲက ဖေဖေ က မဆူဘူး၊ မရိုက်ဘူး၊ ကျွန်မ အတွက် ငယ်စဉ်ကာလကတည်းက ကစားဖော်လဲ ဖြစ်ခဲ့တယ်။ အားကိုးရာလဲ ဖြစ်ခဲ့တယ်။တိုင်ပင်ဖော်လဲ ဖြစ်ခဲ့တယ်။ ရင်ဖွင့် ဖော်လဲ ဖြစ်ခဲ့တယ်။ လိုအပ်တဲ့ အချိန်တိုင်းအတွက် ဖေဖေဟာ အမြဲရှိနေခဲ့တယ်။ ဒါကြောင့် ကျွန်မ က ကိစ္စ တစ်ခုကို လုံးဝ ရင်မဆိုင်ချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ အခါ အားလုံးကို ဒီအတိုင်းထားခဲ့ ပြီး ဖေဖေ့ ဆီ ရောက်သွားတတ်တယ်။ ဖေဖေ့ ရင်ခွင်ထဲ ၀င်ပြီး ဖြစ်တဲ့ ပြသနာ တွေ ပြောပြ ၊ တိုင်ပင်တဲ့ အခါ ဖေဖေက အကြံပေးနှစ်သိမ့်လိုက်ရင် အဲဒီ့ပြသနာမျိုး အခု တစ်ရာ လာပါစေ........ကျွန်မ မကြောက်တတ်တော့ဘူး.....။
ဖေဖေ့ ကို ချစ်ရတာ ဘယ်လောက်အေးမြတယ်၊ နွေးထွေးတယ်၊ လုံခြုံတယ်ဆိုတာကို ပြောပြစရာ ထပ်တူ ညီနိုင်တဲ့ စကားလုံး ကျွန်မ ရှာတယ်။ မတွေ့ရတဲ့ အတွက် ကျွန်မ စိတ်မကောင်းပါဘူး။ တကယ်တော့ ကျွန်မဖေဖေက သာမန် လူသားတစ်ယောက်ပါပဲ.။ ဘာဘွဲ့ ၊ ဘာဂုဏ်ထူးမှ မရှိတဲ့ ရိုးသားတဲ့တောသားတစ်ယောက်ပါ။ ဒါပေမဲ့ ဖေဖေ့ ကို ကျွန်မ ကိုယ်တိုင်ပေးထားတဲ့ ဘွဲ့ တွေ မရေတွက်နိုင်ခဲ့ဘူး ။ သူများအပေါ် စိတ်ကောင်းစေတနာကောင်းထားတတ်တဲ့ ဖေဖေ၊ သည်းခံတတ်တဲ့ ဖေဖေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အားလုံး ဖေဖေဟာ ဘယ်ဘက်ကိုမှ မလစ်ဟင်းအောင် တာဝန်ကျေပွန်တဲ့ သူပါ။
ဖေဖေ ရဲ့  " တစ်နပ်စား ရုံ မကြည့် နဲ့  ....ရေရှည်အတွက်ကြည့် ..........." ဆိုတဲ့ စကားတို့ ။
နောက် " မဟုတ်တာ လုပ်ရင် မဟတ်တာ ဖြစ်တယ် " ဆိုတဲ့ စကားတို့ တွေ နဲ့ အရွယ်ရောက်လာတဲ့ ကျွန်မ က အခုချိန်ထိ ရိုးသားမှု ဆိုတဲ့ စကားလုံးနဲ့ အံဝင်ခွင်ကျ ဖြစ်နေတတ်တယ်။
ဖေဖေ ကျွန်မ အပေါ်ချစ်နိုင်တဲ့ ချစ်နိုင်မှု မျိုးကို ကြုံ ရတဲ့ကျွန်မက ဖေဖေ့ကို မေးဖူးတယ် ။ " ဖေဖေ ...သူများတွေကရော သူတို့ သားသမီးတွေကိုဖေဖေ ချစ်သလို ချစ်ကြရဲ့ လား၊ သမီးတော့ ထင်တယ်...ဖေဖေချစ်သလို သူများဖေဖေတွေက ချစ်နိုင်မှာမဟုတ်ဘူးလို့...." ဆိုတော့ ဖေဖေက ပြုံး ပြီး " အားလုံးတူတူ ပဲပေါ့ကွ " တဲ့။
တကယ်တော့ ဖေဖေက ချစ်နိုင်လွန်းလို့ အဲဒီ့ လို စိတ်တောင် ၀င်ခဲ့တာပါ။
သိပ်ကလေး ဆန်တဲ့  ချစ်စရာကောင်းတဲ့ အတွေးလေးတွေပေါ့ ။ ကျွန်မ ထင်တယ်။ မေတ္တာ တရားဆိုတာ ကိုယ်ကရ မှ သူများကို ပေးတတ်တာပါ။ ပူပူဆူဆူ မရှိပဲ ၊ အေးချမ်းတဲ့ မိသားစု အိမ်လေးမှာ နေလာခဲ့ရတဲ့ ကျွန်မက အသိဆုံးပေါ့ ။
ငယ်ငယ်လေး နဲ့ သုံးနှစ်သမီး နဲ့ ဘုန်းကြီးကျောင်းပို့ခဲ့ တဲ့  ဖေဖေ နဲ့ မေမေကြောင့် ကျွန်မ ဘာသာတရားနဲ့ မဝေးခဲ့ သလို၊ လူကြီးသူမအပေါ် နားလည်ပေးတတ်ခဲ့တယ်.။
ဒါကြောင့်လဲ ကျွန်မတို့မိသားစု ကို ကျွန်မတို့ပတ်ဝန်းကျင်က "စံပြမိသားစု " တဲ့။ ပစ္စည်းဥစ္စာ သိပ်မရှိပေမဲ့ ... ပျော်စရာ ကောင်းတဲ့ ကျွန်မတို့ မိသားစုလေးက လူမှုရေး၊ သာရေး၊ နာရေး ဘာသာရေး......အားလုံးကို တက်ညီလက်ညီ ကူညီတတ်တယ်.။
ဒါတွေဟာ ဖေဖေ ပေးခဲ့တဲ့ ကျွန်မတို့ အတွက် အမွေ တွေပဲ။
ကျွန်မ အသက် ဒီအရွယ်ရောက်သည်အထိ ပညာရပ်တွေ တစ်ခုပြီးတစ်ခု သင်လာခဲ့တယ်။ ဘယ်လောက်ပဲ သင်ပြီးပါစေ။ ဖေဖေ့ ဆီက တတ်ထားသမျှ ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ လိုက်မမှီပါဘူး။
ကျွန်မထင်တယ်.....ကျွန်မ ဘယ်တော့မှ ဖေဖေ တတ်ထားသမျှကို မမှီဘူး၊ ဖေဖေဟာ ကျွန်မ အတွက် အမြဲ ကြီးကျယ်မြင့်မြတ်တဲ့ ပညာရှင်ပဲ။ဖေဖေ ချစ်တာတွေကို သိပြီး ၊ အားလုံးပြောကြတဲ့ မိဘမေတ္တာ အကြောင်းတွေ ကြားရတဲ့ အခါတိုင်း ကျွန်မလည်း သားသမီးမေတ္တာအကြောင်းပြောချင်လာတယ်။ဟုတ်ပါတယ်။
မိဘမှာလည်း မိဘ မေတ္တာရှိသလို သားသမီးမှာလဲ သားသမီးမေတ္တာ ဆိုတာ ရှိကြပါတယ်။
ဟုတ်တယ်ဖေဖေ။
မနက်မိုးလင်းလို့ ဖေဖေ နိုးရင် မျက်နှသစ်ဖို့ သွားပွတ်တံ ၊ တဘက်က အစ ဖေဖေ့ လက်ထဲပို့ပေးတာ ချစ်လို့ပါဖေဖေ။
ဖေဖေ မျက်နှာသစ်အပြီး စားဖို့ စားစရာ ၊ အလုပ်သွားဖို့ အိတ်က အစ ၊ အကုန်စီစဉ်ထားပေးတာ ဖေဖေ့  ကို ချစ်လို့ပေါ့ ဖေဖေ။
ဖေဖေ အလုပ်က ပြန်လာရင်ထမင်းစားဖို့ ထမင်း၊ ဟင်း ခူးခပ်ထားတာ ၊ ရေက အစ ဘေးနားမှာ ထားပေးတာ ချစ်လို့ပေါ့ဖေဖေ။ လက်သုတ်ပုဝါ ၊သွားကြားထိုးတံက အစ ၊ ဖေဖေတောင်းစရာ မလိုအောင်ဖေဖေ့ ဘေးနား မှာ ထားပေးတာဖေဖေ့ကိုချစ်လို့ပေါ့ဖေဖေ။
ဖေဖေ နေ့လည် စားဖို့ သွားရေစာ သစ်သီးက အစ သမီးကိုယ်တိုင် အခွံနွှာကျွေးတာ ချစ်လို့ပေါ့ဖေဖေ.။
ဖေဖေ အံ့သြ သွားတာ မဟုတ်လား၊ စပျစ်သီးတောင် အခွံ ကြည်ပါးပါးလေး ကို သမီး အခွံနွှာကျွေးတော့ လေ။ ဟုတ်တယ်ဖေဖေ ... အဲဒီ့လောက်ကို ဖေဖေ့ ကို ချစ်တာပါ။
ဖေဖေ့ ကို လက်သည်း၊ ခြေသည်း သမီးကိုယ်တိုင်ညှပ်ပေးရင်း စကားပြောနေရတဲ့ အရသာကို သမီး သိပ်သဘောကျတာ ။
ဖေဖေ့  မုတ်ဆိတ်မွှေးနှုတ်ပေးရင်း ပြုံးနေတဲ့ ဖေဖေ့ မျက်နှာကို ထိုင်ကြည့်ရင်း၊ ခဏ ခဏ ငုံ့ နမ်းနေတဲ့ သမီးကို ဖေဖေက ခေါင်းလေး ပွတ်ပေးနေရင် သမီးတော့ ပူပင်သောကဆိုတာ ရှိတယ်တောင်မထင်ခဲ့ပါဘူး ....။
ညဘက်မိသားစု ထမင်းဝိုင်းမှာ အလုပ်ထဲက အကြောင်းတွေ ၊ လူတွေ အကြောင်းတွေ ၊ အတွေ့ အကြုံတွေ တစ်နေ့တစ်မျိုးမရိုးရအောင် သမီးဒီအရွယ်ထိ နားထောင်လို့မကုန်အောင်ပြောပြတတ်တဲ့ဖေဖေ့ ကို ဘေးကနေ ရေက အစ၊ သွားကြာထိုးတံ ၊ လက်သုတ်ဝတ်အဆုံး ၊ အားလုံး ဖေဖေတောင်းစရာ မလိုအောင် အဆင့်ဖြစ်နေအောင်ထားပေးတာ ဖေဖေ့ ကို ချစ်လို့ပါဖေဖေ။ညအိပ်ရာဝင် အချိန်ကတော့ တစ်နေ့တာလုံးမှာ သမီး အပျော်ဆုံး အချိန်ပေါ့။
ဖေဖေ့ ကို နင်းပေးရတာ နှစ်နာရီကျော်ကြာလို့ အားလုံးကမေးကြတယ်။ " နင်ပဲ နင်းနိုင်တယ် ၊ မညောင်းဘူးလား"တဲ။့ သမီးကတော့ တွေးတယ် ၊ဖေဖေ မွေးကထဲက ပြုစုလာတာ ကို ဒီနှစ်နာရီကျော်လေးနဲ့ ဘယ်လိုလိုပ် နှိုင်းယှဉ်လို့ရမှာလဲလို့။ သူများကို ပိုက်ဆံနဲ့ နင်းခိုင်းနှိပ်ခိုင်းရင် ငွေယူပြီးစေတနာပါပါ လုပ်မပေးတဲ့ အတွက် သမီးကိုယ်တိုင်ညတိုင်းနင်း၊ နှိပ်ပေးတာ ဖေဖေ့ ကို ချစ်လို့ပေါ့ဖေဖေ။
ဖေဖေ ပြောပြတဲ့ အတွေ့ အကြုံတွေ ၊ ပုံပြင်တွေကို နားထောင်ရင်း နင်း ၊ နှိပ် ဆေးတိုက်ပြီးမှ ရှိခိုးတိုင်း ဖေဖေ ပြုံးနေတတ်တာ ၊ ဖေဖေ ကျေနပ်နေတတ်တာသမီး ပျော်တယ်ဖေဖေ။ အိပ်ယာဝင်ခါနီးတိုင်း ဖေဖေ့ ကို နမ်းရတာ သမီး အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပဲဖေဖေ။ သမီး နမ်းပြီး ဖေဖေ့ ကို ချစ်တယ်လို့ ပြောလိုက်ရတိုင်းသမီးရင်ထဲမှာ အဲဒီ့အချိန်တွေကို သိပ်မက်မောတာဖေဖေ။
ဖေဖေက အခု အသက် ( ၅၆) နှစ်ရောက်လာပြီနော်။ လူဆိုတာ သေမျိုးကြီးပဲမို့ တစ်ချိန်ချိန်မှာ ဖေဖေ နဲ့သမီးနဲ့ ကံရေစက်ကုန်ရင် ခွဲခွာရမယ်မှန်း သမီးသိပါတယ်ဖေဖေ။ အဲဒီ့ အချိန်ကို သမီးသိပ်ကြောက်တယ်။ ဒါပေမဲ့ အဲဒီ့ အချိန်ကို ရှိလာမယ်ဆိုတာ သိနေတဲ့ အတွက် အခု လက်ရှိအချိန်လေးတွေကို တန်ဖိုးထားရမှာ သမီးတာဝန်ပဲဖေဖေ။ ဖေဖေ့ ကို ချစ်လို့ကို မ၀ပါဘူးဖေဖေ။ ဖေဖေ့ ကို ဘာနဲ့ မှလဲ မလဲနိုင်သေးဘူးဖေဖေ။
ဒီ့အတွက် သမီး ဖေဖေ့ကို ချစ်ဖို့ အချိန်တွေ အများကြီးပေးနေပါနော်။
သမီး အခု ဖေဖေ နဲ့ အဝေးကြီးမှာ နေနေရတယ်........။
ဖေဖေ နဲ့ နီးရာကို ပြန်လာမယ့် တစ်နေ့အထိ ဖေဖေ ကျန်းမာစွာနဲ့ ရှိနေပါစေ လို့ အဝေးကနေ အမြဲ မေတ္တာပို့သရင်း ဖေဖေ့ ကို အရင်လိုပဲ ချစ်နေဆဲပါဖေဖေ။
ဒါဆိုရင် မိဘ မေတ္တာ ၊ မိဘမေတ္တာ နဲ့ ပြောပြောနေတဲ့ ဖေဖေတစ်ယောက် သားသမီး ရဲ့ ရင်ထဲမှာလဲ သားသမီး မေတ္တာ ရှိတယ်ဆိုတာ လက်ခံပေးတော့နော်။
ဖေဖေ့ ကို အရမ်းချစ်တယ်...............။

ဖေဖေ့ ရဲ့  ( ၅၆ ) နှစ်မြောက် မွေ့နေ့

www.taangland.ning.com မှ ကူးယူးသည်။ ရေးသူနာမည် သေသေချာချာ မသိသေး။

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers