နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Wednesday, December 23, 2009

မဟာချက်ကရီသီရီဒုံ


သူမ၏ ငယ်မည်မှာ‘‘ ဖရာသေး‘‘ ဖြစ်သည်။ ဖရာသေး ဟူသည် ‘‘နတ်သမီးလေး‘‘ဟု အဓိပ္ပါယ်ရသည်။ ငယ်စဉ်က အလွန်ဆော့လွန်း သောကြောင့် ချစ်စနိုးလေးဖြင့် ‘‘ဟာရီကိန်း‘‘ဟူ၍လည်း ခေါ်ကြသေးသည်။ သို့သော် ယခုအခါတွင်း‘‘ ပညာရှိ မင်းသမီးလေး‘‘ဟူ၍သာ ခေါ်ဝေါ်ကြလေသည်။ သူသည်ကား အခြားသူ မဟုတ်၊ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်း၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံယူရရှိထားသည့် ‘‘မဟာချက်ကရီသီရီဒုံ‘‘ ပင် ဖြစ်သည်။
မင်းသမီးသီရီဒုံသည် ထိုင်းဘုရင်းမင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) နှင့် မိဖုရားကြီး သီရီခေတ် တို့၏၊ တတိယမြောက် သမီးတော် ဖြစ်ပြီး၊ ၁၉၅၅-ခုနစ်၊ ဧပြီလ ၂-ရက်နေ့တွင်၊ ဘုရင့်နန်းတော်၌ ဖွားမြင်ခဲ့သည်။ ၁၉၅၈-ခုနစ်တွင် ချီထရာလာဒါကျောင်း၌ စတင်ပညာသင်ယူခဲ့ပြီး၊ ၁၉၇၂-ခုနစ်တွင် တစ်နိုင်ငံလုံး၌ ဝိဇ္ဇာဘာသာ ရပ်ဖြင့် အောင်မြင်သူများအနက် ပထမကိုရရှိခဲ့လေသည်။ ၁၉၇၃-ခနစ်မှ၊ ၁၉၇၆-ခုနစ်အထိ ချူလာလောင်ကွန် တက္ကသိုလ် ဝိဇ္ဇာဌာနတွင်၊ ဆက်လက်ပညာသင်ကြားခဲ့ရာ၊ သမိုင်းဘာသာ ဂုဏ်ထူးတန်းတွင် မထမအဆင့်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။ ပညာသင်နစ် လေးနစ်စလုံးတွင် အတော်ဆုံးကျောင်းသူ ဖြစ်သဖြင့်၊ ရွှေတံဆိပ်ဆု ကို ရရှိခဲ့လေသည်။ ပညာထူးချွန်မူကြောင့် ပညာသင်ဆုကိုလည်း သုံးနစ်ဆက်တိုက်ရရှိခဲ့သည်၊ တက္ကသိုလ် ပထမနစ် အပြီးတွင်လည်း ပြင်သစ်ဘာသာရပ်၌ ပထမဆုကို ဆွတ်ခူးခဲ့ပြန်သည်။

ထိုနောက် သီရိဒုံသည်၊ ဆောလ်ပါကွန်း တက္ကသိုလ်မှ အရှေ့တိုင်း ကမ္ဗည်းကျောက်စာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့နှင့်၊ ချူလာလောင်ကွန်တက္ကသိုလ်မှ အရှေ့တိုင်းဘာသာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၁-ခုနစ်မှစ၍ စရီနာခရာရင် ဝီရက်တက္ကသိုလ်တွင် ပညာရေးဖွဲ့ဖြိုးမှူ ဘာသာရပ်များကို ဆက်လက် လေ့လာခဲ့ပြန်သည်။ မဟီဒိုးတက္ကသိုလ်၊ ကာဆက်ဆတ်တက္ကသိုလ်၊ ဘရင်မွန်ကယ်စက်မှူတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်၊ ရမ်ခမ်ဂဟန်းတက္ကသိုလ်၊ ပက်ပါဒိုးတက္ကသိုလ်၊ ဆုကာထုံးသာမတ်သီရတ်တက္ကသိုလ် နှင့် ချူလာလောင်ကွန်တက္ကသိုလ်တို့က၊ သမီးတော် သီရီဒုံးအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၁၁)ခုကို ချီးမြှင့် ခဲ့သည်။ သီရီဒုံမင်းသမီးသည် သပ္ပံစာပေ ရာဇဝင်သမိုင်း ပန်းချီအနုပညာနှင့် ဂီတတို့တွင် ဝါသနာထုံ၍ လေ့လာ လိုက်စားသည်။ မင်းသမီးသီရီဒုံသည်‘‘ထိုင်းနိုင်ငံ ရှေ့နေများကောင်းစီ‘‘နှင့်‘‘ယိုဒယား ဗိသုကာ အသင်း‘‘တို့တွင် ဂုဏ် ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သမီးတော်သည် အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ အစ္စရေး၊ အီရန်၊ နယ်သာလန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံများသို့ အနှံအပြားသွားရောက် လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံသို့ ၁၉၈၆-ခု မတ်လ ၂၁-ရက်မှ ၃၁-ရက်နေ့အထိ လာရောက်လည်ပတ်ဖူးလေသည်။ သီရိဒုံသည် ထိုင်း ကိုးရီးယားနှိင်ငံနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဘွဲ့ထူးဂုဏ်ထူးဆောင် ကိုးခုကိုရရှိခဲ့သည်။
သမီးတော် မဟာချက်ကရီသီရိဒုံသည် ထိုင်းကြက်ခြေနီအသင်း အမှူဆောင်အဖွဲ့၌ ဒုတိယဥက္ကဋ္ဌ၊ ဆိုင်ဂျိုင်း ထိုင်းဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ ဒုတိယမြှောက်ရာမဘုရင်း အထိမ်းအမှတ်ဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ မြဘုရား ကျောင်းတော်နှင့် မဟာနန်းတော်မွန်းမံထိန်းသိမ်းရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ နှင့် ချူလာလောင်ကွန် ဘုရင့် စက်မှူ တက္ကသိုလ် ဥပဒေ နှင့် လူမှူရေးသိပ္ပံဌာန ကထိကလည်းဖြစ်လေသည်။ သီရိဒုံသည် ထိုင်းဘုရင့် ကြည်း တပ်မ တော်တွင် ဂုဏ်ထူးဆောင် ဒုတိယဗိုလ်မှူးကြီးနှင့်၊ ထိုင်းဘုရင့် လေတပ်နှင့် ရေတပ်တွင် ဂုဏ်ထူးဆောင် ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်လေသည်။
မင်းသမီးသီရိဒုံသည် အားလပ်ချိန်များတွင် သုတေသနနှင့် ကျောင်းတွင်းဖွဲ့ဖြိုးရေးပြုလုပ်ခြင်း၊ သီးချင်းဆိုခြင်း၊ ထိုင်းတူရိယာတီးမှူတ်ခြင်း၊ စာပေရေးသားခြင်း၊ ကဗျာစပ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့်၊ ပန်းပုထုခြင်းတို့ကို ပြု လုပ်လေ့ရှိသည်။
မင်းသမီး ဖရာသေး ခေါ် မဟာချက်ကရီသီရိဒုံသည် ယခုအခါတွင် သက်တော် ၅၄- နစ်ရှိပြီ ဖြစ်ပြီး၊ ထိုင်းပြည်သူပြည်သားတို့၏ မေတ္တာကို အထူးတလေရရှိကာ ဘုရင့်သားတော် သမီးတော်များထည့်တွင် လူချစ်လူခင်အပေါဆုံး မင်းသမီးတစ်ပါး အဖြစ်ဖြင့် ထင်ပေါကျော်ကြားလျှက်ရှိပါသည်။

Posted by ရွာဦးကျောင်း ဆရာတော် at 12:49 PM 0 comments

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers