နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Tuesday, February 8, 2011

မြန်မာနိုင်ငံ၏ပါဠိစာပေသမိုင်း

အေဒီ၁၁ရာစုသည်မြန်မာနိုင်ငံ၏ပါဠိစာပေ စတင်သောခေတ်အဖြစ် သမိုင်းသုတေသီများ လက်ခံ အတည်းပြု ထားကြသည်၊ထိုထက်စောသောအထောက်အထားများကိုကားမတွေ့ရသေးချေ ၊မြန်မာ တို့သည် အိမ်နီးချင် တလိုင်း ခေါ်မွန်များဆီမှပါဠိစာပေနှင့် ဗုဒ္ဓဘာသာကို လက်ခံရရှိခဲသည် ။ ပါမေက္ခပီတာစကီလင်းကမူ ပျူဒေသ သရေခေတ္တရာ

မြို့ဟောင်းနှင့် မွန်ဒေသဒွါရာဝတီ တို့တွင်တွေ့ရှိသော ကျောက်စာအထောက်အထားအရ အေဒီ ၆ရာစု ၇ ရာစု ကတည်းက မြန်မာပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိပြီးဖြစ်ကြောင်း သက်သေထူသည် ထိုတွေ့ရှိသောကျောက်စာ များသည်လည်း အိန္ဒိယအရှေ့ပိုင် ပလ၀ အက္ခရာဖြစ်သောကြောင်းအေဒီငါးခြောက်ရာစု ဟုသတ်မှတ်ကြသည် ၊ ထို့ အပြင်ပီတာစကီလင်း အဆိုအရ အရှေ့တောင်အာရှသို့ပထမဆုံးရောက်ရှိလာသောဗုဒ္ဓဘာသာမှာ ထေရ၀ါဒသာ ဖြစ်သည်ဟုမှတ်ချက်ပြုသည် အဘယ်ကြောင်းဆိုသော

သရေခေတ္တရာနှင့်ဒွါရာဝတီကျောက်စာတို့တွင်ရေးထိုးထားသောစာပေမှာပါဠိအက္ခရာဖြစ်သောကြောင်းတည်း ဒုတိယရာစုနှစ်တစ်ဝက်တွင်ဂိုဏ်းကွဲလေးခုပြန့်နှံလာကြောင်း ထိုဂိုဏ်းတို့တွင် ၁ ။မူလသာဝတ္ထီဝါဒ ၂။ သာမိတ္တိယဂိုဏ်း ၃။ မဟာသံဃိက ၄။ သတ္ထ၀ီရ ဂိုဏ်း၊တို့ဖြစ်သည် ။ ထို့ကြောင်းပါမေက္ခပီတာစကီးလင်း ဆုံးဖြတ်ချက်ချသည်မှာအထက်ပါဂိုဏ်းတို့တွင် ထေရ၀ါဒမှလွဲတစ်ခြားဂိုဏ်းများ ပါဠိဘာသာကိုမသုံး ကြောင်း ဆုံးဖြတ်ချက်ချ ထားသည်။ (မှတ်ချက် သတ္ထ၀ီရ ဂိုဏ်းသည်ယခုထေရ၀ါဒဖြစ်သည် )သို့သော် လည်း Mabel Haynes Bode ၏ the pali literature in Burma စာအုပ်တွင် ဖော်ပြထားပုံမှာ ။
It was certainly no in the upper valley of the Irrawaddy that the Pali Literature of Burma had its origin.
မြန်မာနိုင်ငံပါဠိစာပေ၏မူလအရင်အမြစ်သည် ဧရာဝတီမြစ်ဝန်းအထက်ပိုင်းမဟုတ်သည်မှာသေချာသည် ။
The tradition that no less than three out of the nine mission sent out by Asoka went to Upper Burma in the third century B.C . Look like a piece of the national pride that is so inventive in these matters, and can only be quoted as an ‘uncorroborated legend.။ အသောကမင်းစေလွှတ်လိုက်သောသာသနာပြုအဖွဲ့ကိုးခုအနက်သုံးဖွဲ့ထက်မနည်း သည်ဘီစီသုံးရာစုတွင်
အထက်မြန်မာနိုင်ငံသို့သွားခဲ့သည်ဆိုသော အစဉ်အလာအဆိုသည် ၊အမျိုးသားရေဂုဏ်သိက္ခာအတွက် တီထွင်ထားသောအစိတ်အပိုင်းဖြစ်ပုံရပြီးမခိုင်လုံသော ဒဏ္ဍာရီသမိုင်း အနေဖြင့်သာ ကိုးကားနိုင်မည်ဖြစ်သည် ဟုဖော်ပြထားသည်။သို့သော်ပညာရှင်အများစုသဘောတွေ့သည်မှာရှေ့ဦးစွာ မွန်ဒေသ သို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိလာပုံမှာ ။
သီရိဓမ္မာသောကမင်း၏ ကိုးတိုင်းကိုယ်ဌာနသို့ စေလွှတ်သောသာသနာပြုအဖွဲ့များထဲမှ အရှင်သောဏနှင့် ဥတ္တရမထေရ်တို့သည်သုဝဏဘူမိခေါ်သောမွန်ဒေသို့ရောက်ရှိလာကြည်၊ထိုမထေရ်များပထမဆုံး ဆောင်ရွတ်သောဘာသာရေးဆောင်ရွတ်မှု့မှာပရိတ်တော်ဖြင့် ဘီးလူးအန္တရာယ် ကိုတားမြစ်ခြင်း ပင်ဖြစ်ပါသည် ။ထိုမထေရ်များမှဆက်သက်၍ရာမညဒေသတွင်ဗုဒ္ဓဘာသာစတင်လာကြောင်းသိရသည် ။ထိုမှတစ်ဆင် စာပေများဖြစ်ထွန်းတိုးတက်လာကြောင်းယဉ်ကျေးမှု့များထွန်းကား လာကြောင်း သိရသည်။ပုဂံဘုရင် အနော်ရထာသည် မွန်ဒေသမှရောက်ရှိလာသောအရှင်အရဟံကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သောဘုရင်တစ်ပါးဖြစ်လာပြီးမိမိနိုင်ငံတော်တွင်လည်း ဗုဒ္ဓ၏တရား
တော်များကို တစ်နိုင်ငံလုံးထိပြန့်ပွါးစေလိုသောဆန္ဒရှိခဲ့သည်ထို့ကြောင်းပင် ၊မွန်ဒေသမှပိဋကတ်တော်များ ကိုပင့်ဆောင်ရန်တောင်ဆိုသောအခါ မွန်ဘုရင်မနုဟာ၏မ ခြေမငံ ဆက်ဆံမှု့ကြောင်း နှစ်နိုင်ငံအင်အားသုံးကာ စစ်တိုက်၍ယူခဲ့ရသည့်အထိဖြစ်ခဲ့သည် ၊ အမှန်အားဖြင့်ထိုအချိန်တွင် ပုဂံဒေသ၍မိစ္ဆာအယူဝါဒများလွှမ်းမိုးနေချိန်ဖြစ်သောကြောင်း မနုဟာမင်းမှ မိစ္ဆာဒိဠိနှင့်ပိဋကတ်တော်တန်သလားဟုပြောဆိုဆက်ဆံမှု့ကြောင်း စစ်တိုက်ကာယူရသည့်အထိဖြစ်ပွါးခဲ့ ရဟုဆိုသည်သို့သော်ဤနေရာ၌ဒါက်တာမာဘယ်မှတ်ချက်ပြုထားသည်မှာ အနော်ရထာမင်းနိုင်င့တော် တွင်ဗုဒ္ဓဘာသာမစင်ကြည်သေးသောကြောင်းစင်ကြည်အောင်လုပ်ရန်လိုသေးကြောင်း ဖော်ပြခြင်းဖြစ်ဟန်ရှိသည်ဟုဆိုထားသည်၊မည်သို့ဆိုစေမွန်တို့သည်လည်း ဗုဒ္ဓဘာသာတမန်တော် မဖြစ်လိုဘဲဖြစ်ခဲ့ရသည်ထိုအချိန်မှစ၍မွန်ပညာရှိများနှင့်အဖို့တန်းသောအရာများ အားလုံး ယဉ်ကျေးမှု့အမွေအနှစ်များ အားလုံး ပုဂံကိုအတင်အကျက်ယူဆေင်ခြင်းခံရတောသည်။ ထိုမွန်ဆရာများမှတစ်ဆင့်ပုဂံ တွင်ဗုဒ္ဓဘာသာစတင်ထွန်းကားလာသည်ယဉ်ကျေးမှု့စာပေများ လည်းထွန်းကားလာခဲ့သည်မည်သို့ဆိုစေမြန်မာများအနေဖြင့် မွန်တို့ကိုကျေးဇူးတင်ရမည်မှာသေချာသည် ။ မိမိတို့ထက်ရှေ့ကျသော အထူးသဖြင့်ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးမှု့စာပေများကိုတစ်ဆင့် ရရှိလိုက်သောကြောင်းမွန်လူမျိုးတို့သည်မြန်မာများ၏ရှေ့ပြဦးဆောင်ပုဂ္ဂိုလ်များအဖြစ် သတ်မှတ် သင့်ပေသည်ယနေ့ကမ္ဘာတွင်ပါဌိစာပေနှင့်ဗုဒ္ဓဘာသာကြောင်း ဂုဏ်ရောင်းတောက်နေသော မြန်မာများသည် မွန်တို့၏ကျေးဇူးကြောင်းဟုဆိုကမမှားနိုင်ချေ။ ဤနေရာအနော်ရထာသည် မိမိရရှိလာသောပိဋကတ်တော်များနှင့်မကျေနပ်သေးဘဲ သီဟိုဌ်သို့စေလွှတ်တော်မူသည် သီဟိုဌ်မှရရှိလာသောပိဋကတ်တော်များနှင့်တိုက်ဆိုင်ကြည့်သည် ထို့သို သထုံးနှင့်သီဟိုဠ် မူတို့ကိုအခြေခံခြင်းဖြင့် မကြာမှီဖြစ်ထွန်းလာမည့်ပါဠိစာပေပျိုပင်အတွက်အခြေခံကိုပြင်ဆင်ခဲ့သည် ၊ သူစိုက်ပျိုးခဲသောထိုအပင်၏အသီအပွင့်များကိုမြင်တွေ့သည်ထိအသက်မရှည်ခဲ့သော်လည်း ၊သူ၏သားတော်ကျန်စစ်သားမင်း၏လက်ထက်အေဒီ(၁၀၆၄) တွင်ပါဌိကျွန်းကျင်သော မြန်မာရဟန်းတော်တစ်ပါး ပထမဆုံးကျမ်းစာကိုရေးသားခဲ့သည်။ ထိုကျမ်း၏အမည်မှာ ကာရိကာအမည်ရှိပါဠိသဒ္ဒါကျမ်းဖြစ်သည်ကျမ်းပြုပုဂ္ဂိုလ်မှာ ကျန်စစ်သားလှူဒါန်းသော ကျောင်းတွင် သီးတင်သုံးနေသောအရှင်ဓမ္မသေနာပတိဖြစ်သည် ၊ ဤကျမ်းစာငယ်သည် ရိုးရှင်းပြီးရာစု နှစ် (၈) ခုတိုင်တိုင်ရှည်ကြာခဲ့သည် ။ ဤအရှင်သည် ဧတိမာသ္မိဒီပနီ( ဧတိမာသ္မိဒီပိကာ ) နှင့် မနောဟရအမည်ရှိအခြားကျမ်းတစ်စောင်ကိုပါရေးသားခဲသည်။ အနော်ရထာကိုဆက်ခံသူများလက်ထက်တွင်ပုဂံတွင်ပညာသင်ကြားခြင်းအခိုင်အမာအမြစ်တွယ်ခဲ့ပြီးဖြစ်သည် ၊အေဒိ (၁၁၅၄) တွင် ရဟန်းတော်အရှင်အဂ္ဂ၀ံသ သည် တည်ရှိပြီးသဒ္ဒါကျမ်းများအနက်အရှင်လင်းဆုံးဟု ဖော်ပြခံရသောသဒ္ဒနီတိကျမ်းကိုရေးသားခဲ့သည် ။ ဤကျမ်းသည်မြန်မာရဟန်းတော်များ ၏ပါဌိတတ်ကျွန်းမှု့ဂုဏ်ရောင်းကိုထွန်းပြောင်းစေခဲ့ပြီး ကျမ်းပြုအရှင်၏အမည်သည်ယနေ့တိုင်ထင်ရှား ဆဲဖြစ်သည် ။ ကျမ်းပြုအရှင်အဂ္ဂ၀ံသသည် နရပတိစည်သူမင်း ( အေဒီ ၁၁၆၇ -၁၂၀ )၏ဆရာလည်းဖြစ်သည် ဤမင်းလက်ထက်တွင်ပုဂံသည်အချမ်းသာဆုံးအကြွယ်ဝဆုံး ခေတ်လည်းဖြစ်ခဲ့သည်။သဒ္ဒနီတိကျမ်းသည်သီဟိုဠ်သို့ပေးအပ်သောမြန်မာတို့ပထမဆုံးလက်ဆောင်လည်းဖြစ်သည် ဤကျမ်းစာမူပွါးဖြင့် မကြာမီဥတ္တရဇီဝမထေရ်သည်ပင်လယ်ကိုဖြတ်လျှက် သီဟိုဠ်ကျွန်း၏နာမည်ကျော် မဟာဝီဟာကျောင်းတိုက်သို့အလည်အပတ်ရောက်ရှိသွားခဲ့သည် ။
ဆက်လက်ဖော်ပြပေးပါမည် ။.
ဒီမှာ ဒုတိယအပိုဒ် ဆက်ရေးပါ။

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

တင်ပြပြီးတာတွေ

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers